
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ အောင်လံကုန်စည်ဒိုင်တွင် ပဲတီစိမ်းသီးနှံများ နေ့စဉ် အရောင်း အဝယ် ဖြစ်လျက်ရှိပါသည်။
၂၀၂၅ခုနှစ်၊ သြဂုတ်လ(ပထမပတ်)တွင် အောင်လံမြို့နယ်အတွင်းရှိ ကျေးရွာများမှ သီးနှံ အသစ် များ ဝင်ရောက်လျက်ရှိပြီး သီးနှံအရည်အသွေးအလိုက် ပဲတီစိမ်း(၁)တင်းလျှင် အနိမ့်ဈေး ကျပ် (၇၅၀၀၀)၊ အမြင့်ဈေး ကျပ်(၁၀၆၀၀၀)အထိဈေးနှုန်းရှိပြီး ယခင် ဇူလိုင်လ(စတုတ္ထပတ်)တွင် အနိမ့်ဈေး ကျပ်(၉၀၀၀၀)၊ အမြင့်ဈေး ကျပ်(၁၁၅၀၀၀)ဈေးနှုန်းရှိခဲ့သဖြင့် ယခုတစ်ပတ်တွင် (၁)တင်းလျှင် ကျပ် (၉၀၀၀မှ ၁၅၀၀၀)ထိ ဈေးနှုန်းကျဆင်းလာကြောင်း၊ တစ်ပတ်အတွင်း စုစုပေါင်းတင်းရေ (၅၅၅၀)တင်း၊ တန်ချိန်အနေဖြင့် (၁၈၂)တန်ခန့် အရောင်းအဝယ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့သို့တင်ပို့ကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရသည်။
DOCA(မကွေး)