
ကျွန်းလှမြို့တွင် ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသားငါး ဈေးနှုန်းများထဲမှ ငါးဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိရာ သဖန်းဆိပ်ဆည်အတွင်းမှ ထွက်ရှိသည့် ဒေသထွက်ရေချိုငါး များကို ဝယ်ယူရောင်းချကာ ဈေးကောင်းရရှိပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။
ယခု ဩဂုတ်လ ဒုတိယပတ်၌ တီလားဗီးယားငါး ဈေးနှုန်းများမှာ တီလား ဗီးယားငါး(အကြီး)(၁)ပိဿာလျှင်(၁၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၈၀၀၀)ကျပ်၊ တီလားဗီးယားငါး အသေး(၁)ပိဿာလျှင်(၁၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၇၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း ငါးလေးဒေါင့် ဈေးနှုန်းများမှာ ငါးလေးဒေါင့် အကြီး တစ်ပိဿာလျှင်(၁၄၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၇၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိသောကြောင့် ယခင်အပတ်ထက် တီလားဗီးယားငါး အသေး တစ်ပိဿာလျှင်(၂၀၀၀)ကျပ်နှင့် ငါးလေးဒေါင့် တစ်ပိဿာလျှင်(၂၀၀၀)ကျပ် မြင့်တက်လျက် ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးအရောင်းအဝယ် လုပ်ကိုင်သူ ထံမှ သိရ ပါသည်။
DOCA(စစ်ကိုင်း)