
သစ်ရာမြိုင်ဈေးအတွင်းတွင် ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုတ်၊ ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘိုစားပဲသီး၊ ရွှေပဲသီး၊ ဂေါ်ရခါးသီး နှင့် ခါကြက်ဥတို့ကို ရောင်းချလျက်ရှိရာ ပန်းဂေါ်ဖီကို မန္တလေးမြို့ နှင့် ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ရောင်းချလျရှိသော ပန်းဂေါ်ဖီ ဈေးနှုန်းမှာ ပန်းဂေါ်ဖီ အကြီး တစ်ပွင့်လျှင်(၅၀၀၀)ကျပ် နှင့် အသေး တစ်ပွင့် လျှင်(၄၅၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းချ လျက်ရှိပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်း(၁၀၀၀) ကျပ်မြင့်တက်လျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)