
ဒညင်းသီးသည် စားသုံးသူပြည်သူများ ကြိုက်နှစ်သက်ကြသည့်သီးနှံတစ်မျိုးဖြစ်ပြီး ယခု ဩဂုတ်လ ပထမပတ်တွင်မိတ္ထီလာမြို့၊ပိတောက်မြိုင်ဈေး၊ ဘဲကန်ဟင်းသီးဟင်းရွက် လက်ကား ဈေး၊ မြို့မဈေးကြီးတို့၌ ဒညင်းသီးများ မော်လမြိုင်၊ကသာ၊တောင်ကြီး စသည့်ဒေသများမှ အများအပြား ဝင်ရောက်လျှက်ရှိပြီး ဒေသတွင်းရှိမြို့နယ်များတွင် ဖြန့်ဖြူးရောင်းချလျှက်ရှိ ကြောင်း သိရှိရပါသည်။
ဈေးကွက်အတွင်း ဩဂုတ်လပထမပတ်တွင်ဒညင်းသီးအကြီး(၁၀)လုံးလျှင် (၁၃၀၀)ကျပ်၊ အလတ်(၁၀)လုံးလျှင်(၁၀၀၀)ကျပ်၊ ဒညင်းဝက်(၁၀)လုံးလျှင်(၇၀၀)ကျပ်နှုန်းဖြင့် ရောင်းဝယ် ဖောက်ကားလျှက်ရှိကြောင်း ယခင်လနှင့်ကာလတူ နှိုင်းယှဉ်လျှင် ဒညင်းသီးဈေးနှုန်းမှာ အနည်း ငယ်ကျဆင်းလာကြောင်း၊ ဈေးနှုန်းကျဆင်းလာရခြင်းမှာ ဈေးကွက်အတွင်း အဝင်များလာခြင်း ကြောင့် ဖြစ်သည်ဟု သိရှိရပါသည်။
DOCA (မန္တလေး)