မန်ကျည်းပင်ဈေးရှိ ဂွေးချိုသီးဈေးနှုန်း

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာမြို့နယ်အတွင်းရှိ ဥယျာဉ်ခြံလုပ်ကိုင်နေသူများသည် နှစ်ရှည် သီးနှံပင်များနှင့် ရာသီပေါ်သီးနှံများအကြားတွင် သီးညှပ်ပင်အဖြစ် ဂွေးချိုသီးပင်များ စိုက်ပျိုးလျက်ရှိကြပါသည်။  စိုက်ပျိုးရရှိသော ဂွေးချိုသီးများကို မုံရွာမြို့ပေါ်ရှိ မန်ကျည်းပင်ဈေးတွင် လာရောက်ရောင်းချကြကြောင်း သိရှိပါသည်။ ဂွေးချိုသီးပင်များသည် ရေခံ၊ မြေခံကောင်းသော နေရာများတွင်သာ စိုက်ပျိုးဖြစ်ထွန်းကြပါသည်။  ဂွေးချိုသီးပင်သည် ရာသီမရွေးအသီးသီးသော အပင်တစ်မျိုးဖြစ်ပြီး ဂွေးချိုသီးပင်စိုက်ပျိုးရာတွင် မြေသြဇာပေး၍ စနစ်တကျပျိုး ထောင်ရခြင်း၊ ရေကိုလုံလောက်စွာပေး၍ စိုက်ပျိုးရကြောင်း သိရှိရပါသည်။

          စိုက်ပျိုးရရှိသော ဂွေးချိုသီးများကို မုံရွာမြို့ပေါ်ရှိ မန်ကျည်းဈေးတွင် လာရောက် ရောင်းချလျက်ရှိပြီး ဂွေးချိုသီး (၁၃)လုံးပါ တစ်ထုပ်လျှင် (၆၀၀)ကျပ် ရောင်းချလျက်ရှိရာ မိသားစုဝမ်းစာဖူလုံရေးအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)