ကျွန်းလှမြို့၏ ဈေးမြင့်တက်လာသော ဂေါ်ဖီထုတ်

Powered by Drupal

    သစ်ရာမြိုင်ဈေးအတွင်းတွင် ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်ဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘိုစားပဲသီး၊ ရွှေပဲသီး၊ ဂေါ်ရခါးသီး နှင့် ခါကြက်ဥတို့ကို ရောင်းချလျက်ရှိရာ ဂေါ်ဖီထုတ်(ခေါ်)မုံလာထုတ်ကို မန္တလေးမြို့ နှင့် ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချ ကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်လျက်ရှိသော ဂေါ်ဖီထုတ်(ခေါ်)မုံလာထုတ် ဈေးနှုန်းမှာ ဂေါ်ဖီထုတ် (ခေါ်)မုံလာထုတ် အကြီး တစ်ထုတ်လျှင် (၃၀၀၀)ကျပ်၊ ဂေါ်ဖီထုတ်(ခေါ်) မုံလာထုတ် အသေး တစ်ထုတ်လျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်လျက် ရှိသော ဂေါ်ဖီထုတ်(ခေါ်)မုံလာထုတ် ဈေးနှုန်းမှာ ဂေါ်ဖီထုတ် (ခေါ်)မုံလာထုတ် အကြီး တစ်ထုတ်လျှင်(၅၅၀၀)ကျပ်၊ ဂေါ်ဖီထုတ်(ခေါ်) မုံလာထုတ် အသေး တစ်ထုတ်လျှင်(၄၀၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် ရောင်းချလျက်ရှိသောကြောင့် ယခင်အပတ်ထက် ကားလမ်းအခက်အခဲများကြောင့် ဂေါ်ဖီထုတ် (ခေါ်)မုံလာထုတ် တစ်ထုတ်လျှင်(၂၅၀၀)ကျပ်ဈေးနှုန်း မြင့်တက်လာပြီး အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း ကုန်စိမ်း သီးနှံအစုံ ရောင်းချသူထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)