ဈေးအနည်းငယ်မြင့်တက်လာသော  ရေချို ပုဇွန်ဆိတ်  နှင့် ပုဇွန်ခြောက် ဈေးနှုန်း

Powered by Drupal

    ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း ငါးဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ သဖန်းဆိတ်ဆည်မှ ထွက်ရှိသည့် ရေချို ပုဇွန်ဆိတ်နှင့်ပုဇွန်ခြောက် ဈေးနှုန်းသည်လည်း ဈေးကောင်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

   ၂၀၂၅ ခုနှစ် ၊  ဩဂုတ်လ ဒုတိယပတ်အတွင်း ကျွန်းလှမြို့၌ ဖြစ်ပေါ်လျက်ရှိသော ပုဇွန်ဆိတ် ဈေးနှုန်းအနေဖြင့်  ပုဇွန်ဆိတ် ဆကာတင် အကောင်ကြီး လက်လီဈေး တစ်ပိဿာ(၂၃၅၀၀)ကျပ်နှင့် ပုဇွန်ဆိတ် အလတ်စ လက်လီဈေး(၁၈၅၀၀)ကျပ်နှင့် ပုဇွန်ဆိတ် ဆကာကျ အကောင်သေး လက်လီ တစ်ပိဿာလျှင်(၁၅၅၀၀)ကျပ်ဈေးနှုန်း အသီးသီးတို့ဖြင့်လည်းကောင်း ပုဇွန်ခြောက် ဈေးနှုန်းများအနေဖြင့် ပုဇွန်ခြောက် အကြီး တစ်ပြည်လျှင်(၅၅၀၀၀)ကျပ်၊ နို့ဆီ(၁)ဘူးလျှင်(၇၀၀၀)ကျပ်၊ ပုဇွန်ခြောက်အလတ် တစ်ပြည်လျှင်(၄၀၀၀၀)ကျပ်၊ နို့ဆီ(၁)ဘူးလျှင်(၅၀၀၀)ကျပ်နှင့် ပုဇွန်ခြောက်  အသေး တစ်ပြည် လျှင်(၃၂၀၀၀)ကျပ်၊ နို့ဆီ(၁)ဘူးလျှင်(၄၀၀၀)ကျပ် ဈေးနှုန်းအသီးသီးတို့ဖြင့် ရောင်းချလျက်ရှိကြောင်းနှင့် မိုးအားကြီးသည့်အတွက် ပုဇွန်ဆိတ်အစို ဈေးနှုန်း အနည်းငယ်မြင့်တက်လျက်ရှိကြောင်း ပုဇွန်ဆိတ် နှင့် ပုဇွန်ခြောက် ရောင်းချသူထံမှ သိရသည်။

DOCA(စစ်ကိုင်း)