သီရိမင်္ဂလာဈေးအတွင်းရှိ အသား၊ ငါးများသန့်ရှင်းလတ်ဆတ်မှုရှိ/မရှိနှင့် သန့်ရှင်းသော ရောင်းချမှုစနစ်ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

           ကယားပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှုးရုံးမှ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၂၆) ရက်နေ့၊ နံနက်(၀၇:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးအတွင်းရှိ အသား/ငါး ရောင်းချနေသော ဆိုင်များသို့ အသား/ငါးများ သန့်ရှင်းလတ်ဆတ်မှုရှိ/မရှိနှင့် သန့်ရှင်းသော ရောင်းချ ခြင်းစနစ်ရှိ/မရှိ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးတို့ဖြင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေး‌ဆောင်ရွက် ခဲ့ပါသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဈေးအတွင်းရှိ အသား/ငါးများမှာ မျက်မြင်အခြေအနေအရ သန့်ရှင်းလတ်ဆတ်မှုရှိပြီး ယင်လုံဇာများ ဖုံးအုပ်ရောင်းချသည်ကို စစ်ဆေးတွေ့ရှိရပါကြောင်း၊ ဒေသငါးများသာမက အခြားဒေသမှ ငါးများပါ မှာယူတင်သွင်းရောင်းချသည်ကို တွေ့ရှိရကြောင်း၊ ရောင်းချသော ဈေးသည်များအနေဖြင့် အလေးချိန်မှန်ကန်စွာဖြင့် ရောင်းချရန်လိုအပ်ပါကြောင်း၊ ဈေးအတွင်းသို့ လာရောက်စစ်ဆေးမှသာ ယင်လုံဇာများဖြင့် ဖုံးအုပ်ရောင်းချခြင်း မျိုးမပြုလုပ်ဘဲ လာရောက်စစ်ဆေးခြင်းမရှိသည့် ပုံမှန်ရက်များ၌လည်း ယင်ကောင်မလာစေရန် ဖုံးအုပ်ရောင်းချ သင့်ပါကြောင်း၊ ငါးများမှာယူတင်သွင်းရာတွင် စနစ်တကျ သယ်ယူပို့ဆောင်ရန် လိုအပ်ကြောင်း၊ လတ်ဆတ်မှုမရှိသော အသားငါးများနှင့် ကူးစက်ရောဂါရနေသော အသားများအား ရောင်းချခြင်း မပြုရန် အသား/ ငါးရောင်းချနေသော ဆိုင်(၂၃)ဆိုင်အား ဝိုင်းဝန်းအသိပညာပေး စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)