
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်တာဝန်ခံရုံးမှ တောင်တွင်းကြီး မြို့နယ်တာဝန်ခံ ဒေါ်ဌေးဌေးသည် ဈေးကွက်အတွင်း ဆေးဝါးပစ္စည်းများ ပြတ်လတ်မှုမရှိစေရေးနှင့် ဆေးဈေးနှုန်းများ အဆမတန်မြှင့်တင်ရောင်းချမှုမရှိစေရေးအတွက် (၁၁.၈.၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၃၀)အချိန်တွင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့ နှင့်ပူးပေါင်း၍ တောင်တွင်းကြီးမြို့ပေါ်ရှိ တိုင်းရင်းဆေးပစ္စည်းအရောင်းဆိုင် (၅)ဆိုင်တွင် တိုင်းရင်းဆေး ပညာဦးစီဌာနမှ တားမြစ်ထားသော ''ဆေးမေတ္တာ'' အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ထားသော အကြော်လိမ်းဆေး၊ အစာကြေဆေး(ဆေးမှုန့်)၊ အခိုးပွင့်ဆေး(ဆေးမှုန့်)တို့အား ရောင်းချခြင်းရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ စစ်ဆေးရာတွင် ဆေးဆိုင်များ၌ တားမြစ်ထားသော ဆေးဝါးများ ရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်များအား တရားမဝင်တင်သွင်း လာသော တိုင်းရင်းဆေးများနှင့် သက်တမ်းလွန်နေသော ဆေးများရောင်းချခြင်း မရှိစေရန်၊ တိုင်းရင်း ဆေးမှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများ ရောင်းချခြင်းမရှိစေရန်၊ ဆေးစျေးနှုန်းများ အဆမတန် မြှင့်တင်ရောင်းချမှုမရှိစေရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)