အ.ထ.က နန်းမားအခြေခံပညာအထက်တန်းကျောင်းသား/သူများအား အသိပညာပေးဟောပြော

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊     မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းသိန်းဦး (ရုံးအုပ်) သည် (၁၃..၂၀၂၅) ရက်နေ့၊နေ့လယ် (၁:၀၀) အချိန်တွင်   နန်းမားမြို့၊ အ.ထ.က နန်းမားအခြေခံပညာအထက်တန်း ကျောင်းသား/သူ များအား အသိပညာပေး ဟောပြောပွဲပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။

          စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောရာတွင် စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏ အခွင့်အရေးများဖြစ်သော စားသုံးသူများအတွက် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှု ရရှိစေခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရှိခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူအသုံးပြုရာတွင် လိုအပ်သော သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ သိရှိခွင့်နှင့် ပြေစာ သို့မဟုတ် အထောက်အထား ရယူခွင့်ရှိခြင်း၊ ဈေးကွက်အတွင်းရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူစိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်ခွင့်ရှိခြင်း စသည့်အချက်များ၊ စားသုံးသူ၏ တာဝန်များ၊ ကုန်စည်/ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှု အပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေး၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များနှင့် တက်ရောက်လာသော ကျောင်းသား/ သူများအား 1535 Consumer Call Center လိုင်းခွဲ(1)၊(2)၊(3) သို့ ခေါ်ဆိုတိုင်ကြားနိုင်သည့် နည်းလမ်းများအား အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲသို့ ကျောင်းသား/သူ (၁၅၀)ဦး၊ ဆရာ/မ (၉)ဦး တက်ရောက်ခဲ့ပါသည်။

DOCA(ကချင်)