ဈေးကောင်းရနေသော ပုတီးကုန်းမြို့မှ ပန်းဂေါ်ဖီနှင့် ပြည်မြို့ရဲ့ တောင်ပို့မှို

Powered by Drupal

     ပန်းဂေါ်ဖီမှာ ပန်းဂေါ်ဖီ(အဖြူ)နှင့် ပန်းဂေါ်ဖီ (အစိမ်း) ဟူ၍ နှစ်မျိုးရှိပါသည်။ ယခုအခါတွင် ပြည်မြို့ရှိဈေးများတွင် ပုတီးကုန်းမြို့နယ်မှ စိုက်ပျိုးတင်သွင်းရောင်းချသည့် ပန်းဂေါ်ဖီ အဖြူများမှာ ဈေးကောင်းရပြီး အရောင်းအဝယ်လည်း အသင့်အတင့်ရှိကြောင်း သိရှိရပါသည်။ ပန်းဂေါ်ဖီ ဈေးများမှာ အကြီး တစ်ထုတ်လျှင် ၇၀၀-၁၀၀၀ကျပ် အထိရှိပြီး၊ ပန်းဂေါ်ဖီ အသေး တစ်ပွင့်လျှင် ၃၀၀-၅၀၀ကျပ်ထိရှိပြီး ဈေးကောင်းရလျက်ရှိကြောင်း သိရှိရပါသည်။

     ယခုလို မိုးတွင်းကာလတွင် ရာသီပေါ်လည်းဖြစ်သော သဘာဝမှိုကို စားသုံးသူများက ဝယ်ယူ စားသုံးလေ့ရှိကြပါသည်။ ပြည်မြို့ရှိ အနီးအနားကျေးရွာများမှ လာရောက် ရောင်းချသည့်မှိုများမှာ စိုက်ပျိုးသည့် တောင်ပို့မှိုများမဟုတ်ဘဲ အလေ့ကျသဘာဝအလျှောက်ပေါက်ရောက်သည့် တောင်ပို့မှို များဖြစ်ပြီး ဈေးကောင်းရ၍  အရောင်းအဝယ်လည်းဖြစ်ကြောင်း သိရှိရပါသည်။ ရာသီစာလည်းဖြစ် တစ်နှစ်မှ တစ်ခါသာ သဘာဝအလျောက်ပေါက်သည့် မှိုဖြစ်ပြီး စားသုံးသူများအနေနဲ့ အန္တရာယ်ကင်းစွာ စားသုံးနိုင်သည့် မှိုတစ်မျိုးဖြစ်ပါသည်။ တောင်ပို့မှို တစ်စီးလျှင် (လက်မှန်းစီး) ကျပ် ၁၀၀၀၊ တစ်ဆယ်ကျပ်သားလျှင် ၂၅၀၀ကျပ်ခန့်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)