ကန့်ဘလူမြို့ငါးဈေးကွက်ရှိ ငါးကြင်း၊ ငါးမြင်းနှင့် ငါးတန်ဈေးနှုန်းများ

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် ဈေးနှုန်းများ၊ အသားဈေးနှုန်းနှင့် ငါးဈေးနှုန်းများကို စာရင်းကောက်ယူပြုစု၍ အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

     ကန့်ဘလူမြို့ငါးဈေးကွက်တွင် ၂၀၂၅ ခုနှစ် ၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ရောင်းချနေသော ငါးကြင်းခုတ်သား(၁)ပိဿာလျှင် (၃၂၀၀၀)ကျပ်၊ အကောင်(၁)ပိဿာလျှင် (၂၄၀၀၀)ကျပ် ငါးကြင်း သားသည် နူညံ့ပြီးအသားချိုခြင်း၊ အရိုးပါဝင်မှုနည်းခြင်း ၊ ငါးကြင်းခေါင်းကို ဟင်းအဖြစ်သီးခြားချက် စားနိုင်သည့်အတွက် စားသောက်ဆိုင်များတွင် အသုံးများသောငါးမျိုးဖြစ်ကြောင်း၊ ဩဂုတ်လ ဒုတိယပတ်အတွင်း ငါးမြင်းအကောင်(၁)ပိဿာလျှင် (၁၈၀၀၀)ကျပ်နှင့် ငါးတန်အကောင်(၁)ပိဿာ လျှင် (၂၃၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ငါးများကို စားသောက်ဆိုင်များ၊ ထမင်းဆိုင်များနှင့် အိမ်ရှင်မများက ဝယ်ယူလျက်ရှိကြောင်း ငါးရောင်းဝယ်ရေးဒိုင်များထံမှ သတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)