“တံတားဦးမြို့နယ်ရှိ ဓနအောင် စားသုံးဆီအရောင်းဆိုင်အားကွင်းဆင်း”

Powered by Drupal

   ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် သြဂုတ်လ (၁၃)ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ တံတားဦးမြို့၊ အိမ်သစ်တန်းရပ်ရှိ ဓနအောင် စားသုံးဆီအရောင်းဆိုင်သို့သွားရောက်ပြီး စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်း များဆောင်ရွက်ခဲ့ပါသည်။ ထိုသို့စစ်ဆေးရာတွင် ဆီဆိုင်များအနေဖြင့် စီးပွား‌ရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)အား လိုက်နာရမည် ဖြစ်ကြောင်း ၊ ပဲဆီ၊ နေကြာဆီ၊ နှမ်းဆီ နှင့် ဟင်းသီးဟင်းရွက်ဆီများအား Packaging ဘူးများဖြင့်ရောင်းချရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်၏ အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း ၊ ဥပမာအနေဖြင့် ဟင်းသီးဟင်းရွက်ဆီ (စားအုန်းဆီ) ၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ)ဟု ဖော်ပြရမည်ဖြစ်ပြီး ကုန်စည်၏ အသားတင်ပမာဏ နှင့် အရွယ်အစား တို့ကို မြန်မာအလေးချိန် ယူနစ်ဖြစ်သော ပိဿာ ၊ ကျပ်သားအား မြန်မာဘာသာဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း ၊ နိုင်ငံတော်မှ သတ်မှတ်ပေးသည့် ရည်ညွှန်းစျေးဖြင့် ရောင်းချသည့် ဆီဆိုင်များအနေဖြင့် ခွဲတမ်းရရှိသော စားအုန်းဆီများကို ရည်ညွှန်းစျေး ၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ပေါင်းပြီး ၂ ရာခိုင်နှုန်း အထက်ပိုပြီး ရောင်းချခြင်းမရှိရန်လိုအပ်ကြောင်း၊ထိုသို့ရောင်းချရာတွင် ဆီအရည်အသွေး၊ အလေးချိန်ပြည့်ဝအောင် ရောင်းချရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါ သည်။

DOCA(မန္တလေး)