စားသုံးဆီရောင်းချပေးနေမှုများ

Powered by Drupal

        နေပြည်တော်ကောင်စီနယ်မြေအတွင်း စားသုံးဆီများကို ဈေးကားများဖြင့်လှည့်လည် ရောင်းချပေးလျက်ရှိရာ (၃၁-၈-၂၀၂၂) ရက်နေ့တွင် စားသုံးဆီတစ်ပိဿာလျှင် (၅၃၀၀) ကျပ်နှုန်းဖြင့် လယ်ဝေးမြို့နယ်ဆီလုပ်ငန်းရှင်များနှင့်စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်‌စောမာလာနွယ် (ဦးစီး အရာရှိ)တို့ဦး‌ဆောင်မှုဖြင့် ရွာမကျေးရွာ၊ စက်ရုံးစုကျေးရွာ၊ စည်ပင်သာကျေးရွာနှင့်ရသေ့တောင် ကျေးရွာများတွင် စားသုံးဆီပိဿာပေါင်း (၁၉၈၀)ရောင်းချပေးခဲ့ကြောင်း သိရှိရပါတယ်။

    ဆက်လက်၍ Diamond Dragon Co;ltd ကိုယ်စားလှယ် ဆီလုပ်ငန်းရှင် ဒေါ်နီလာထွေးမှ ငွေရေးကြေးရေးစစ်ဆေးရေးဦးစီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရုံးအမှတ်(၃၄) ပင်စင်ဦးစီးဌာန၊ ရုံးအမှတ်(၂၂) ရွေးကောက်ပွဲကော်မရှင်၊ ရုံးအမှတ်(၁၄) တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနတို့တွင် ဆီပိဿာချိန် (၅၀၀၀)ကို တစ်ပိဿာ လျှင် (၅၃၀၀) ကျပ်နှုန်းဖြင့်ရောင်းချပေးခဲ့ကြောင်း သိရှိရပါတယ်။

          တပ်ကုန်းမြို့နယ် ဥသျှစ်ကျေးရွာနှင့် အေးမွန်ကျေးရွာတို့တွင် တပ်ကုန်းမြို့နယ် ဆီလုပ်ငန်းရှင် ဒေါ်ဖြိုးဖြိုးထိုက်မှ ဆီပိဿာချိန် (၆၆၀) ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါတယ်။

          ၃၀-၈-၂၀၂၂ ရက်နေ့မှာတော့ အထူးသက်သာ‌သောဈေးနှုန်းဖြင့် စားသုံးဆီပိဿာချိန်ပေါင်း (၇၆၄၀) ရောင်းချပေးနိုင်ခဲ့ပါတယ်။

DOCA(ပြည်ထောင်စုနယ်မြေ)