ရွှေဘို မြို့ရှိ စားသုံးဆီရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

       စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်ပမှတင်သွင်းလာသည့် စားအုန်းဆီများ သတ်မှတ်အရည်အသွေးပြည့်မီရေး၊ ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးအန္တရာယ် ကင်းရှင်းသည့် စားသုံးဆီများကို  သုံးစွဲနိုင်ရေး၊ ဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေးတို့အတွက် လုပ်ငန်းစဉ်များချမှတ်၍ ကြီးကြပ်ဆောင်ရွက်လျက်ရှိသည့်အပြင် စားသုံးသူ ရေးရာဦးစီးဌာန ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအား အထက်ဌာနမှ ထုတ်ပြန် ထားရှိသည့်အမိန့်နှင့်ညွှန်ကြားချက်များ သိရှိလိုက်နာဆောင်ရွက်နိုင်ရန်၊ စားသုံးသူကာကွယ်ရေး ဥပဒေ ပါစီးပွားရေးလုပ်ငန်းရှင်များ သိသင့်သိထိုက်သည့် အချက်များအားသိရှိစေရန် လစဉ်တွေ့ဆုံ၍ ဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

    ဩဂုတ်လ(၂၅)ရက်နေ့ (၁၅:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး နှင့်ရွှေဘိုမြို့နယ်တာဝန်ခံတို့မှ ရွှေဘိုမြို့ရှိ ကိုတာနှင့်ညီများဆီရောင်းဝယ်ရေးလုပ်ငန်းရှင်၊ (BT)ဆီနှင့် ကုန်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်၊ အေးမေတ္တာ(၁)ဆီရောင်းဝယ်ရေးလုပ်ငန်းရှင်၊ အေးမေတ္တာ(၂) ဆီရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့် ထွန်းဆီနှင့်ကုန်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်တို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ခရိုင်ဦးစီးမှူးမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနမှ (၂၀.၁၂.၂၀၂၁)ရက်နေ့တွင် ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil, Cooking Oil)နှင့် စပ်လျဉ်း၍ ကုန်အညွန်းအမှတ်အသား ဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ထုတ်ပြန် ခဲ့သည့်ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) သည်(၆)လပြည့်မြောက်ပြီဖြစ်၍ စီးပွားရေးလုပ်ငန်းရှင်များမှ လိုက်နာဆောင်ရွက်မှုမရှိဘဲ ထုတ်လုပ်ဖြန့်ဖြူးရောင်းချပါက ဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်သဖြင့် လိုက်နာဆောင်ရွက်ကြရန်၊ အကယ်၍ ရွှေဘိုခရိုင်အတွင်းရှိ ဆီကုန်သည်များမှ မိမိ၏ကုန်အမှတ် တံဆိပ်ဖြင့်ရောင်းချလိုပါက ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းချက်များ၊ အမိန့်ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိ/မရှိ မိမိတို့ဌာန၏ အတည်ပြုချက်ရယူနိုင်ရေး လာရောက်လျှောက်ထားရန်လိုအပ်ကြောင်း၊ ရွှေဘိုခရိုင်တွင်  နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာသည့် ပုဇွန်နှစ်ကောင်တံဆိပ်စားသုံးဆီအပါအဝင် စားသုံးဆီပုံးများ ယခင်က ရောင်းချမှု မရှိသော်လည်း စားသုံးဆီလိုအပ်ချက်များအရ နောက်နောင်တွင်လည်း ရောင်းချခြင်း မပြုကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)