စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သြဂုတ်လ ၃၀ ရက် နံနက် ၁၀ နာရီတွင် မုံရွာခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦးတို့သည် မုံရွာခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များအသင်း အသင်းဝင်(၄)ဦးက ဦးဆောင်၍ မုံရွာမြို့ပေါ်ရှိ ဘုန်းစိုးရပ်ကွက်၊ သာစည်ဈေး အနီး၊ စက်မှုဇုန်ရပ်ကွက်၊ ဒေါနခြံရပ်ကွက်၊ လယ်တီကျောင်းရှေ့နှင့် အေးသာယာရပ်ကွက်တို့တွင် တစ်ရက်လျှင် ဈေးကား(၂)စီး၊ တစီးလျှင် (၆)ပေပါနှုန်း စုစုပေါင်း (၁၂) ပေပါကို တစ်ပိဿာလျှင် (၅၅၀၀)ကျပ်နှုန်း ဖြင့် (၂၉.၈.၂၀၂၂) မှစ၍ ပြည်သူများသို့ နေ့စဉ်ရောင်းချပေးမှုကို ကွင်းဆင်းစိစစ်ကြပ်မတ်ခဲ့ပါသည်။
ထိုသို့ရောင်းချရာတွင် လူတန်းစေ့ဝယ်ယူရရှိနိုင်စေရေးရည်ရွယ်၍ လာရောက်ဝယ်ယူကြသော အိမ်ထောင်စုများအား စနစ်တကျတန်းစီစေခြင်း၊ တုံကင်နံပါတ်များပေး၍ စောင့်ဆိုင်းစေခြင်း၊ လူတစ်ဦးလျှင် (၁)ပိဿာနှုန်း ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)