
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၄)ဦးတို့သည် ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့တွင် မန္တလေးမြို့ရှိ Mandalay Global Network Distribution ကုမ္ပဏီမှ ခွဲတမ်း ရရှိသော စစ်ကိုင်းမြို့ပေါ်ရှိ စားအုန်းဆီအရောင်းဆိုင် (၂ ) ဆိုင်ဖြစ်သော မြနှင်းဆီနှင့် မေတ္တာရှင်ဆီဆိုင် များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြနှင်းဆီနှင့် မေတ္တာရှင်ဆီဆိုင်များအနေဖြင့် သတ်မှတ်ပေးထားသည့် ရည်ညွှန်းဈေး စားအုန်းဆီ တစ်ပိဿာ (၇၀၀ဝိ/-) ဖြင့် ရောင်းချကြောင်း၊ နေ့အလိုက် သတ်မှတ်ပေးထားသော ဗီနိုင်းလ်များ ချိတ်ဆွဲထားကြောင်း တွေ့ရှိရပြီး သတ်မှတ် ထားသောရည်ညွှန်းဈေးထက် ဈေးမြှင့်တင်ရောင်းချပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ အရ တရားစွဲဆိုမည်ဖြစ်ကြောင်း၊ ပြည်သူစားအုန်းဆီ (၂%) နှင့် စက်မှု လုပ်ငန်းသုံးစားအုန်းဆီ များအား ခွဲခြားပြီး ဖြန့်ဖြူးရန်နှင့် မြင်သာသော ဗီနိုင်းလ်များ ချိတ်ဆွဲ၍ ရောင်းချမည့် ဈေးနှုန်းများ ချိတ်ဆွဲထားရန်၊ အစိုးရဌာနများက မေးမြန်းမှုရှိသောအခါ ဂဃနဏ ရှင်းပြနိုင်ရေး ဆွေးနွေးမှာကြား ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)