အင်္ဂပူမြို့နယ် အွန်လိုင်းဈေးဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေး TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ အငယ်တန်းစာရေးသည်(၁၁.၈.၂၀၂၅) ရက်နေ့ နံနက်(၁၁:၀၀) အချိန်တွင် အင်္ဂပူမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှု လုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့် ရရှိလာမည့်အကျိုးရလဒ်များနှင့် စပ်လျဉ်း၍ Talk Show အစီ အစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ အစီအစဉ်တွင် အငယ်တန်းစာရေး ဒေါ်ခင်သီရိပြည့်စုံက မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှုလုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့် မရိုးဖြောင့်သော၊ တရားမဝင်သောအွန်လိုင်း ဆိုင်များ၏ လိမ်လည်မှု မှ ရှောင်ရှားနိုင်ခြင်း၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် အာမခံချက်ကို ရောင်းချ သည့် လုပ်ငန်းရှင်ထံ ဆက်သွယ်တောင်းဆိုနိုင်ခြင်း၊ အွန်လိုင်းမှ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှု ကြုံတွေ့ပါက ရောင်းချသည့် လုပ်ငန်းကို ဖြေရှင်းပေးရန်ဆက်သွယ်နိုင်ခြင်း၊ သက်ဆိုင်ရာအစိုးရဌာန သို့ တိုင်ကြားရာတွင်လည်းရောင်းချ သည့်လုပ်ငန်းနှင့်စပ်လျဉ်း၍ ခိုင်လုံစွာ တိုင်ကြားနိုင်ခြင်း၊  သက် ဆိုင်ရာဌာနအနေဖြင့် စားသုံးသူနစ်နာ ဆုံးရှုံးမှုအား ဖြေရှင်းရာတွင် လွယ်ကူစေခြင်းတို့ကို ရှင်းလင်းခဲ့ပြီး၊ တိုင်ကြားမှုဖြေရှင်းသည့် နည်းလမ်းများအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူး ရုံးများက လိုအပ်သည့် စိစစ်ဆောင်ရွက်မှုများ ပြုလုပ်၍ စေ့စပ် ညှိနှိုင်းပေးခြင်း၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း စသည့်တို့ကို အကျယ်တဝင့်  ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

 (DOCA ဧရာဝတီ)