ထားဝယ်မြို့မှ သင်္ဘောဖြင့်ထွက်ခွာမည့် ဘိလပ်မြေများအား ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးခြင်း

Powered by Drupal

     တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ဘိလပ်မြေပြတ်လပ်မှုမရှိစေရေး ၂၀၂ ခုနှစ်၊ သြဂုတ် ၁၄ ရက်နေ့၊ (၁၃း၃၀) နာရီ အချိန်တွင် ထားဝယ်မြို့၊ ထူးထူးတိုးဆိပ်ကမ်းမှ မြိတ်မြို့သို့  ထွက်ခွာမည့် အမ်ဗွီ ဝေပုလ္လ သင်္ဘောဖြင့် ကြံ့နှစ်  ကောင် အမှတ်တံဆိပ် ၅၀ ကီလိုဂရမ် ဘိလပ်မြေအိတ် ၁၃၇၈၀ အား စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်နှင့် အကောက်ခွန်ဦးစီးဌာန၊ ရေကြောင်းရဲတပ်ဖွဲ့၊ မြန့်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့တို့မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)