ညောင်တုန်းမြို့နယ် ဆန်/စပါး သိုလှောင်ရုံများရှိ ဆန်နှင့် ဆန်ကွဲ သိုလှောင်ထားရှိမှုများကို ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    ညောင်တုန်းမြို့နယ်တွင် ပြည်ပတင်ပိုရန်  ဆန်စက် သိုလှောင်ရုံများရှိ၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်း စစ်ဆေးရေးအဖွဲ့တို့သည် ပြည်ပသို့ တင်ပို့ရန်  ဆန်နှင့် ဆန်ကွဲ သိုလှောင်ထားသော သိုလှော်ငရုံများအား အမှန်တကယ် ဆောင်ရွက်ချိန်မှာ လုပ်ဆောင်ထားရှိမှု  အခြေအနေများကို  လစဉ် ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

    ၁၁-၈-၂၀၂၅ ရက်နေ့က ဦးအောင်လွင်နှင့် စစ်ဆေးရေးအဖွဲ့တို့က ညောင်တုန်းမြို့နယ်အတွင်း ပြည်ပတင်ပိုရန် ဆန်/ဆန်ကွဲ သိုလှောင်ရုံများအား ကွင်းဆင်းစစ်ဆေးပြီး ဆန်နှင့်ဆန် ထွက်ပစ္စည်းများတင်ပို့မည့် ကုမ္ပဏီ များ  မှတ်ပုံတင်ရာတွင်  လိုအပ်ချက်များ၊ သက်တမ်းတိုးရာတွင် လိုအပ်ချက်မျာ’ အသိပညာပေးမှုများ ကို လုပ်ဆောင် ပေးခဲ့ကြကြောင်း၊  ဆန်နှင့် ဆန်ထွက်ပစ္စည်းများ ကြိတ်ခွဲထုတ်လုပ် သိုလှောင်မည့် ဆန်ကြိတ်ခွဲစက်များ၊ သိုလှောင်ရုံများ၏ အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ လိုအပ်ချက်များ၊ လုပ်သားများ၏ ကျန်းမာရေးဆိုင်ရာ လုပ်ဆောင်ထားရမည့်  အချက်များ၊ ဆန်တင်ပို့ရာမှာ ကုန်သွယ်ဖက် ပြည်ပနိုင်ငံများက သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်း၊ လိုက်နာရန်အချက်များသိရှိစေဖို့၊ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ဆန်နှင့် ဆန်ထွက်ပစ္စည်းများ တင်ပို့နိုင်စေရန်နှင့် ပြည်တွင်းမှာလည်း အရည်အသွေး မီသောဆန်များ  ရရှိစေရေး တာဝန်ခံများကို အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)