ပုသိမ်ခရိုင် ငပုတောမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ရုံးတွင် ဆန်စက်လုပ်ငန်းရှင်များ အသင်းအားခေါ်ယူ၍ MYRO မှတ်ပုံတင်ရန်ကိစ္စဆွေးနွေးခြင်း

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ရုံးတွင် မြို့နယ်တာဝန်ခံ ဦးဇော်မင်းဦးမှ (၁၂.၈.၂၀၂၅)ရက်နေ့ နေ့လယ် (၁:၀၀)နာရီ အချိန်တွင် ဆန်စက်လုပ်ငန်း ရှင်များအားခေါ်ယူ၍ MYRO မှတ်ပုံတင်ခြင်းကိစ္စနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေး ဆောင်ရွက်ခဲ့ ပါသည်။

      ထိုသို့ဆွေးနွေးဆောင်ရွက်ရာတွင် ဆန်စက်လုပ်ငန်းရှင်များအား မြို့နယ်တာဝန်ခံမှ ဦးစွာအဖွင့် အမှာစကားပြောကြားပြီး မိမိတို့ဆန်စက်များအနေဖြင့် သိုလှောင်ရုံများအားမှတ်ပုံတင်ကြရန်၊ သက်တမ်း ပြည့်သူများမှလည်း သက်တမ်းတိုးခြင်းဆောင်ရွက်ကြရန်၊ စပါး/ဆန်လက်ကျန်များ သတ်မှတ်ရက်အတွင်း ဖြည့်သွင်းဖော်ပြကြရန်၊ သတ်မှတ်ပမာဏထက်ပို၍သိုလှောင်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်ခံရမည်ဖြစ်ကြောင်း၊ မဟုတ်မမှန်သတင်းလွှင့်နေမှုမှာ မှန်ကန်မှုမရှိပါကြောင်း၊ ဆန်စက်လုပ်ငန်းရှင်များနှင့် သိုလှောင်ရုံမှတ်ပုံတင်ထားသူများအား တွေ့ဆုံ၍အသိပေး ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

(DOCA ဧရာဝတီ)