
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် တာဝန်ခံ သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီး ဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁၂.၈.၂၀၂၅) ရက်နေ့ နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ ရုံးကြီးရပ်ကွက်၊ ပဒေသာဈေးနှင့်ဌေးဝင်းဈေး အတွင်းရှိ စားသုံးကုန်အရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းခဲ့ရာတွင် ပူးပေါင်းအဖွဲ့သည် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ် ကင်းရှင်း စေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော စားသုံးကုန် ကုန်စည်များတွင် တားမြစ်ဆေးဝါးများ သုံးစွဲခြင်းရှိ/မရှိ စစ်ဆေးခြင်းများပြုလုပ်ခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတမြို့ နယ်တာဝန်ခံ ဦးမိုးကျော်မှ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်းနှင့် တားမြစ်ချက်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက် များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီ သော ကုန်စည်များကိုသာရောင်းချရန် စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး၊ စားသုံးကုန် အရောင်းဆိုင်(၇)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရ ပါသည်။
(DOCA ဧရာဝတီ)