ရှမ်းပြည်နယ်၊တောင်လေးလုံး အ.ထ.က ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

Powered by Drupal

      ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးမှူးရုံး၏စီမံဆောင်ရွက်မှုဖြင့် တောင်လေးလုံး အ.ထ.ကကျောင်းသို့ ၁၄-၈-၂၀၂၅ရက်နေ့ နေ့လယ်  ၁၄:၀၀နာရီအချိန်တွင် စားသုံးသူ ကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ အခမ်းအနားတွင် တက်ရောက်သူ ကျောင်းသား ကျောင်းသူ(၃၅၀) ဦးခန့်တက်ရောက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ရုံးအုပ် ဦးတင်ဌေး နှင့် ဒုတိယဦးစီးမှူးဒေါ်တင်တင်အေးမှ စားသုံးသူ၏ အခွင့်အရေး၊ တာဝန်များ၊ နစ်နာဆုံးရှုံးမှုများနှင့် တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ CICC လုပ်ငန်းဆောင်ရွက်မှုနှင့် ဖြေရှင်းဆောင်ရွက်ပေးနိုင်မှုများ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့်ဟောပြောပွဲအနှစ်သာရကို ကျောင်းတွင်စာစီစာကုံးပြိုင်ပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရှိရပါသည်။ထိုနောက်သိရှိမေး မြန်းမှုများကို ဖြေကြား၍ နေ့လယ် (၁၅:၃၀)တွင် ဟောပြောပွဲ အခမ်းအနားအောင်မြင်စွာပြီးမြောက်ကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(ရှမ်း)