ပန်းတနော်မြို့နယ် အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဦးစားပေး ကုန်စည် ၁၀မျိုးထဲမှ အသင့်စားမုန့်အမျိုးမျိုးနှင့် အခြားပြုပြင်ထုတ်ပိုး ကုန်စည်များအား ကုန်အညွှန်း စစ်ဆေးခြင်း

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူး ရုံးအနေဖြင့်  စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်လုပ်ရောင်းချသော ကုန်စည်များကို  ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များနှင့် အညီ ထုတ်လုပ်ဖြန့်ဖြူရောင်းချနိုင်ရေး၊ ဈေးကွက်အတွင်း ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး စစ်ဆေးဆောင်ရွက်လျက် ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ပန်းတနော်မြို့နယ် တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၁၃.၈.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ပန်းတနော်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ  ယူကေစိန်၊ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်၊ ဦးကျင်ခွေး မုန့်မျိုးစုံဆိုင်၊ လင်းလတ်ကုန်စုံဆိုင်၊ ဒေါ်လှလှဝင်း ကုန်မျိုးစုံဆိုင်များ ရှိ အသင့်စားမုန့်အမျိုးမျိုး၊ အခြားပြုပြင်ထုတ်ပိုး ကုန်စည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

      ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်မရောက်မီကုန်စည်များ ကိုလည်း ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊ ကုန်ပစ္စည်းအမျိုးမျိုးတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ သုံးစွဲပုံ နည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့် ဖြစ်စေ၊  မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုသို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရမည် ဖြစ်ကြောင်း၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသော လုပ်ငန်းများကိုသိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)