ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ English စာသင်တန်းတက်ရောက်မှု

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများသည် လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တက်စေရန်၊ အင်္ဂလိပ်စာ အရည်အသွေး တိုးတက်စေရန်၊ အင်္ဂလိပ်ဘာသာစကား တိုးတက်စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်ဦးစီးမှူး၏ လမ်းညွှန်မှုအရ ပြည်နယ်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများအပြင် ပင်းတယဒေသဦးစီးမှူးရုံးမှ ဝန်ထမ်းများ သည် ရုံးပိတ်ရက်ဖြစ်သည့် စနေ၊ တနင်္ဂနွေနေ့များတွင် ရုံးချိန်ပြင်ပ၌ အင်္ဂလိပ်စာအခြေခံသင်တန်း (Basic Level)အား သင်ကြားပေးမည့် အင်္ဂလိပ်စာဆရာကို ခေါ်ယူပြီး ၉-၈-၂၀၂၅ ရက်နေ့မှစ၍ သင်တန်းတက်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

      အဆိုပါ သင်တန်းသို့ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ In Person ဖြင့် သင်တန်းသား(၁၀)ဦး၊ ပင်းတယဒေသဦးစီးမှူးရုံးမှ Online Class ဖြင့် သင်တန်းသား(၁)ဦး၊ စုစုပေါင်း သင်တန်းသား (၁၁)ဦး ဖြင့် တက်ရောက်သင်ယူလျက်ရှိပြီး သင်တန်းကာလမှာ (၃)လခန့်ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရပါ သည်။

DOCA(ရှမ်း)