ဇလွန်မြို့နယ် ဆန်စက်လုပ်ငန်းရှင်များအား MyRo မှတ်ပုံတင်ခြင်းနှင့် သိုလှောင်ရုံလုပ်ငန်းစဉ် တွင် လစဉ်စာရင်းရေးသွင်းခြင်းဆိုင်ရာ ရှင်းလင်းဆွေးနွေးခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၁၂.၈.၂၀၂၅) ရက်နေ့ နေ့လည် (၁၃:၀၀)အချိန်တွင် ဇလွန်မြို့၊ ဗျည်းညားကျေးရွာ၊ အဒါးလမ်းရှိ မြို့နယ်ဆန်စက်ပိုင်ရှင်များအသင်း ဥက္ဥဌ နေအိမ်၌ ဆန်စက်လုပ်ငန်းရှင်(၃၁၀)ဦးအား MyRo မှတ်ပုံတင်ခြင်းနှင့် သိုလှောင်ရုံ လုပ်ငန်းစဉ်တွင် လစဉ် စာရင်းရေးသွင်းခြင်းဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းကို ဆောင် ရွက်ခဲ့ပါသည်။

   ထိုသို့ဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြန်မာဆန်စပါး အွန်လိုင်း(MyRo)တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ(၃၀)ရက်နေ့မှ စတင်၍ ဆန်တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်မှုများအား မှတ်ပုံတင် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ MyRo တွင် မှတ်ပုံတင်သွင်းနိုင်ရေး၊ သက်တမ်းတိုးခြင်းနှင့် စာရင်း လက်ကျန်ရေးသွင်းနိုင်ရေးရှင်းလင်းဆွေးနွေးခြင်း၊ ဆက်လက်၍ MyRo တွင် မှတ်ပုံတင်ထားသည့် သတ်မှတ်ပမာဏထက် ပိုမိုသိုလှောင်ခွင့် မရှိကြောင်း၊ သိုလှောင်ပါက အရေးယူခံရကြောင်း မဟုတ်မမှန် သတင်းလွှင့်နေမှုမှာ မှန်ကန်မှု မရှိကြောင်း ၊ MyRo မှတ်ပုံတင်လုပ်ငန်းစဉ်များအား သိရှိနိုင်ရေး အသေးစိတ် အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း၊ မှတ်ပုံတင်ထားပြီးသည့်    ဆန်စပါး သိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့်  ကုန်ရ၊ ကုန်ထုတ်၊  ကုန်လက်ကျန် စာရင်းများအား လစဉ် လဆန်း ၁ရက်နေ့ မှ  ၇ ရက်နေ့ အတွင်း Update ဖြည့်သွင်းနိုင်ရေး စသည်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရ ပါသည်။

DOCA( ဧရာဝတီ)