
အာရှအစားအစာထုတ်လုပ်သည့် လုပ်ငန်းစုကြီး Jollibee Group ကော်ပိုရေးရှင်းသည် ၎င်း၏ စံချိန်တင်ရောင်းအားအပြီးတွင် ပြန်လည်ကျဆင်းမှုများရှိခဲ့သော်လည်း ယခုနှစ်ပထမ နှစ်ဝက်ကာလတွင် အမြတ်ငွေများမှာ တည်ငြိမ်လျက်ရှိကြောင်း သိရပါသည်။ Jollibee ၏ ဒုတိယ သုံးလပတ်ကာလအမြတ်ငွေများသည် ပထမသုံးလပတ်ကာလထက် ပီဆို ၃.၂ ဘီလီယံခန့် ၅.၆ ရာခိုင်နှုန်းအထိ ပြန်လာမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဧပြီလမှ ဇွန်လအတွင်း၎င်း၏ စံချိန်တင် ရောင်းအားသည် ပီဆို ၁၁၄.၅ ဘီလီယံခန့် ၁၉.၆ ရာခိုင်နှုန်းအထိရောက်ရှိခဲ့ကာ ယခင်နှစ်ထက် တိုးတက်မှုများ ရှိလာကြောင်း သိရပါသည်။ အဆိုပါကုမ္ပဏီ၏ ယခုနှစ်ဝက်အတွက် အသားတင်ဝင်ငွေသည် ယခင်နှစ် ၂၀၂၄ ခုနှစ် နှင့် နှိုင်းယှဥ်လျှင် ပီဆို ၅.၆၆ ဘီလီယံ မှ ပီဆို ၅.၆၂ ဘီလီယံသို့ ၀.၇ ရာခိုင်းနှုန်းခန့် ကျဆင်းခဲ့ပါသည်။ ဒုတိယသုံးလပတ်ကာလအတွင်း ၎င်း၏ စုစုပေါင်းဝင်ငွေသည် ပီဆို ၇၇.၆၃ ဘီလီယံခန့် ၁၅.၅ ရာခိုင်းနှုန်းအထိ မြင့်တက်လာကာ ၎င်း၏ လုပ်ငန်းလည်ပတ်ဝင်ငွေသည် ၁၉.၁ ရာခိုင်နှုန်း အထိ မြင့်တက်ခဲ့ကြောင်း သိရပါသည်။ Jollibee Group ၏ ဘဏ္ဍာရေးမှူး Richard Shin က Jollibee International သည် အမေရိကန်စျေးကွက် တွင် အားနည်းမှုများရှိသော်လည်း အားကောင်းသောတိုးတက်မှုများရှိလာကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းက အဆိုပါ ကုမ္ပဏီ၏ အလျင်မြန်ဆုံးတိုးတက်မှု ကဏ္ဍများထဲမှ တစ်ခုဖြစ်သည့် ကော်ဖီနှင့်လက်ဖက်ရည် ထုတ်လုပ်မှုကဏ္ဍသည် နှစ်တိုးဝင်ငွေများတိုးမြင့်လာစေမည့် အဓိက လုပ်ငန်းရပ်များချဲ့ထွင်မှုနှင့်အတူ ၎င်း၏ တိုးတက်မှုလမ်းကြောင်းကို ဆက်လက် လုပ်ဆောင် နေကြောင်း သိရပါသည်။ Jollibee ၏ ဝင်ငွေများသည် ဖိလစ်ပိုင်နိုင်ငံရှိ စတိုးဆိုင် ၃၄၂၄ ဆိုင်နှင့် နိုင်ငံခြားရှိ ဆိုင်ခွဲ ၆၆၉၅ ဆိုင်မှ အဓိကရရှိကြောင်းသိရပါသည်။ ၎င်းကုမ္ပဏီမှ စတိုးဆိုင်များ၏ ၆၉ ရာခိုင်နှုန်းသည် ကိုယ်လုပ်ငန်းလုပ်ပိုင်ခွင့်ပုံစံဖြင့်လည်ပတ်နေပြီး အဆိုပါ စတိုးဆိုင်များသည် ၎င်း၏ ငွေကြေးအရင်းအမြစ်များအဖြစ် လည်ပတ်လျက်ရှိကြောင်း သိရပါသည်။
Source: Philstar
DOCA(ရန်ကုန်)