ဖိလစ်ပိုင်နိုင်ငံအစားအသောက်လုံခြုံရေးမြှင့်တင်ရန်အတွက် ချေးငွေ အမေရိကန်ဒေါ်လာ ၄၀၀ သန်း ခန့်သဘောတူခွင့်ပြုလိုက်သည့် ADB

Powered by Drupal

          အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် (ADB) သည် သြဂုတ်လ ၁၃ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ ဆာလောင်မှုလျော့ချရေး၊ အစားအသောက်လုံခြုံရေး နှင့် ရာသီဥတုပြင်းထန်လာမှု သဘာဝဘေးအန္တာရယ်ကြီးထွားလာမှုကြား အစာဟာရချို့တဲ့လာမှုများအတွက် အထောက်အပံ့ပေးရန် ချေးငွေ အမေရိကန်ဒေါ်လာ ၄၀၀ သန်းခန့် ထုတ်ပေးမည်ဖြစ်ကြောင်း သိရပါသည်။ အီလက်ထရောနစ် ဘောင်ချာများဖြင့် အစားအသောက်မလုံခြုံမှု နှင့် အစာအဟာရနည်းပါးမှုကို လျော့ချမည့် စီမံကိန်းသည် အစိုးရ၏ ကနဦးလူမှုကူညီရေးခြေလှမ်း ချဲ့ထွင်ရေးအတွက် အထောက်အကူ ပြုမည်ဖြစ်ကြောင်း ADB မှ ပြောကြားခဲ့ပါသည်။

          အဆိုပါစီမံကိန်းသည် နိုင်ငံတစ်ဝှမ်းရှိ အစားအသောက်လုံလောက်မှုမရှိသော အိမ်ထောင်စု ၇၅၀၀၀၀ အတွက် အီလက်ထ‌ရောနစ်အစားအသောက်ဘောင်ချာများကို လစဥ် ဘဏ္ဍာရေးဆိုင် ရာ အကူအညီများထောက်ပံ့ပေးလိမ့်မည်ဖြစ်ကြောင်း သိရပါသည်။

          “ဖိလစ်ပိုင်နိုင်ငံရှိလူဦးရေတစ်ဝက်ခန့်သည် ကျန်းမာပြီး အာဟာရရှိသောအစားအသောက်များကို သောက်သုံးရန်မတတ်နိုင်ကြောင်းနှင့် အဆိုပါ အစားအသောက်ဘောင်ချာများသည် ၎င်းတို့အတွက် လိုအပ်သော အဖိုးတန်သော အစားအသောက်များရရှိရန်အတွက် အ‌ထောက်အပံ့ ပေးနိုင်သည်ဖြစ်ကြောင်း” ADB မှ ဒုဥက္ကဌဆိုသူ Pavit Ramachandran ကပြောကြားခဲ့ပါသည်။

Source: Xinhua

DOCA(ရန်ကုန်)