ကမ္ဘောဒီးယားနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ကုန်သွယ်မှုသည် ဇန်နဝါရီမှ ဇူလိုင်လအတွင်း အမေရိကန်ဒေါ်လာ ၉.၆၇ ဘီလီယံအထိ မြင့်တက်ခဲ့

Powered by Drupal

          အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ကမ္ဘောဒီးယားနိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် ၂၀၂၅ ခုနှစ် ပထမခုနစ်လအတွင်း အမေရိကန်ဒေါ်လာ ၉.၆၇ ဘီလီယံအထိရှိလာခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ကန်ဒေါ်လာ ၉.၁၉ ဘီလီယံမှ ၅.၂ ရာခိုင်နှုန်း တိုးလာကြောင်း တရားဝင်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယခုနှစ် ဇန်နဝါရီမှ ဇူလိုင်လအတွင်း အခြားအာဆီယံနိုင်ငံများသို့ ကုန်ပစ္စည်းများ တင်ပို့မှုမှာ ကန်ဒေါ်လာ ၃.၅၃ ဘီလီယံဖိုးရှိပြီး တစ်နှစ်ထက်တစ်နှစ် ၁၇.၈ ရာခိုင်နှုန်း မြင့်တက်ကာ စုစုပေါင်းသွင်းကုန်ပမာဏမှာ ကန်ဒေါ်လာ ၆.၁၄ ဘီလီယံ၊ ၀.၉၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ အာဆီယံနှင့် ကမ္ဘော ဒီးယားနိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် ၂၀၂၅ ခုနှစ် ပထမခုနစ်လအတွင်း နိုင်ငံတော်၏ စုစုပေါင်းကုန်သွယ်မှုပမာဏ၏ ၂၆.၂ ရာခိုင်နှုန်းရှိကြောင်း အစီရင်ခံစာကဆိုသည်။ အာဆီယံ၏ ထိပ်တန်းကုန်သွယ်ဖက်ငါးနိုင်ငံသည် ဗီယက်နမ်၊ ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှားနှင့် မလေးရှားတို့ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ကမ္ဘောဒီးယား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ နိုင်ငံခြားရေး ၀န်ကြီးနှင့် ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က အာဆီယံသို့ တင်ပို့သည့် အဓိကထုတ်ကုန်များမှာ အထည်ချုပ်၊ ဖိနပ်၊ ခရီးသွား ကုန်ပစ္စည်းများ၊ အိတ်များ၊ ဆိုလာပြားများ၊ ကားတာယာ၊ လျှပ်စစ်နှင့် ဆန်၊ သီဟိုဠ်စေ့၊ ရော်ဘာအစေး၊ ပီလောပီနံ၊ ဒူးရင်းနှင့် ငှက်ပျောသီး စသည့် လယ်ယာထွက်ကုန်များ ပါဝင်သည်။ အာဆီယံ (အရှေ့တောင်အာရှနိုင်ငံများအသင်း) တွင် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့ပါဝင်ကြောင်း သိရှိရပါသည်။ 

Source: Xinhua

DOCA (ရန်ကုန်)