၂၀၂၅ ခုနှစ်ဧပြီလမှ ဇူလိုင်လအတွင်း မြန်မာနိုင်ငံသည် ငါးတန်ချိန် ၈၀၀၀၀ ကျော်တင်ပို့ခဲ့

Powered by Drupal

          ၂၀၂၅-၂၆ ဘဏ္ဍာနှစ်၏ ပထမလေးလဖြစ်သော ဧပြီလမှ ဇူလိုင်လအတွင်း မြန်မာနိုင်ငံမှ ငါးတန်ချိန် ၈၀၀၀၀ ကျော်အား တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၉၆ သန်းရရှိခဲ့ကြောင်း The Global New Light Of Myanmar ၏ သြဂုတ်လ ၁၄ ရက်နေ့ကဖော်ပြချက်အရသိရသည်။ ငါး တန်ချိန် ၄၅၉၀၀ ကျော်ကို ရေကြောင်းမှတစ်ဆင့်တင်ပို့ခဲ့ပြီး တန်ချိန် ၃၅၀၀၀ ကျော်ကို နယ် စပ်ကုန်သွယ်ရေးမှ တစ်ဆင့်အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာန၏ ပြောကြားချက်အရသိရသည်။

          တရုတ်၊ ထိုင်း၊ ဘင်္ဂလာဒေရှ်နှင့် ဂျပန်တို့ အပါအဝင် နိုင်ငံပေါင်း ၄၀ သို့ ပင်လယ်စာများအား ရေကြောင်းလမ်းနှင့် ကုန်းလမ်းကြောင်းနှစ်မျိုးလုံးမှ တင်ပို့လျက်ရှိကြောင်းသိရသည်။ ပြီးခဲ့သော ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသည် ငါးတန်ချိန် ၄၀၀၀၀၀ အား တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါသည်။

Source: Xinhua

DOCA (ရန်ကုန်)