သြစတြေးလျ-တရုတ်စီးပွားရေးကုန်သွယ်မှု ရင်းနှီးမြှုပ်နှံမှု ကုန်စည်ပြပွဲအား မဲလ်ဘုန်းတွင်ဖွင့်လှစ်ခဲ့

Powered by Drupal

          သြစတြေးလျ-တရုတ် စီးပွားရေးကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ကုန်စည်ပြပွဲ (ACETIE)  2025 ကို သြဂုတ်လ ၁၄ ရက်နေ့ မဲလ်ဘုန်းမြို့၌ ဖွင့်လှစ်ခဲ့ပြီး အရည်အသွေးသစ် ထုတ်လုပ်မှုစွမ်းအားများကို အာရုံစိုက်ကာ ပြပွဲများနှင့် ကုန်စည်ဖလှယ်မှုများမှတစ်ဆင့် စီးပွားရေးအခွင့်အလမ်းသစ်များ ဖန်တီးနိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။ အခမ်းအနားတွင် သြစတြေးလျနိုင်ငံဆိုင်ရာ သံအမတ်ကြီး Xiao Qian က တရုတ်နှင့် သြစတြေးလျ၏ စီးပွား‌ရေးတည်ဆောက်ပုံများသည် အလွန်လိုက်ဖက်ညီပြီး အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံကြားဆက်ဆံရေး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ဖြစ်ကြောင်းပြောကြားခဲ့သည်။ လက်ရှိတွင် တရုတ်နိုင်ငံသည် အရည်အသွေးမြင့် ကုန်ထုတ်စွမ်းအားစုများ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်နေပြီး သြစတြေးလျသည် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုဗျူဟာနှင့် အလွန်လိုက်ဖက်သော ဒေသတွင်း ကုန်ထုတ်လုပ်မှုစွမ်းရည်များကို အရှိန်မြင့်လုပ်ဆောင်ရန် အစီအစဉ် များကို မိတ်ဆက်ခဲ့ကြောင်း Xiao မှ ပြောကြားခဲ့သည်။ သြစတြေးလျကုန်သွယ်ရေးရင်းနှီး မြှုပ်နှံမှုနှင့် ခရီးသွားလာရေးဝန်ကြီးဟောင်း Andrew Robb သည် အခမ်းအနားတွင် ACETIE ကျင်းပရေးကော်မတီ၏ ဥက္ကဌအဖြစ် မိန့်ခွန်းပြောကြားခဲ့သည်။ သြစတြေးလျနှင့် တရုတ်နိုင်ငံတို့၏ အနာဂတ်ကို အကျိုးပြုစေမည့် အရည်အသွေးသစ်စွမ်းအားများထုတ်လုပ်မှု ခေါင်းစဉ်ဖြင့် သုံးရက်ကြာ အဆိုပါအခမ်းအနားကို သြစတြေးလျ-တရုတ် စီးပွားရေး ကောင်စီ နှင့် သြစတြေးလျရှိ တရုတ်ကုန်သည်ကြီးများအသင်းတို့က ပူး‌ပေါင်းစီစဉ်ကာ နှစ်နိုင်ငံမှပြပွဲပြ သသူ ၁၀၀ ကျော်ကို ဆွဲဆောင်နိုင်ခဲ့ပြီး ပွဲတော်သို့လာရောက်ကြည့်ရှုလေ့လာသူ ၁၀၀၀၀ ကျော်ရှိမည်ဟုလည်း ခန်းမှန်းထားကြသည်။

Source: Xinhua

DOCA (ရန်ကုန်)