
စားသုံးသူရေးရာဦးစီးဌာနသည် ဆေးနှင့်ဆေးပစ္စည်းများ အဆမတန်ဈေးနှုန်းမြှင့်တင် ရောင်းချမှု မရှိစေရေး ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးအတွက် အပတ်စဉ်ကွင်းဆင်း ကြီးကြပ် လျက်ရှိရာ (၁၃.၈.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် မကွေးမြို့ပေါ်ရှိ ဆေးနှင့်ဆေး ပစ္စည်းအရောင်းဆိုင်(၂)ဆိုင်၊ ဆေးကုမ္ပဏီ(၁)ခု၊ အထူးကုဆေးခန်း(၂)ခုနှင့်အထူးကုဆေးရုံကြီး(၂)ခု တို့အား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ အထူးဈေး ကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် လိုင်စင်သက်တမ်းတိုးစစ်ဆေးခြင်းနှင့် ထိန်းချုပ်ဆေးဝါးများ ထားသို သိမ်းဆည်းမှုမှတ်ပုံတင်စာရင်းများစစ်ဆေးခြင်း၊ တရားမဝင်မှတ်ပုံတင်မဲ့ ဆေးဝါးများရောင်းချခြင်း ရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများရောင်းချခြင်းရှိ/မရှိ၊ ဆေးနှင့်ဆေးပစ္စည်းများ ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချရန်ရည်ရွယ်ချက်ဖြင့် ဆေးများအမြောက်အများ သိုလှောင်ထားခြင်းရှိ/မရှိနှင့် ဆေးများပစ္စည်းပြတ်လပ်မှုရှိ/မရှိတို့အား ကြပ်မတ်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)