
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်ရီရီထွေးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ (၁၃-၈-၂၀၂၅)ရက်နေ့၊ နေ့လည်(၁၅း၀၀)နာရီအချိန်တွင် သရက်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးမှူးရုံး Community Center၌ စားသုံးသူအသိပညာပေး Talk Show ဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပါရှိခြင်းမရှိသည့် ကုန်စည်များကို ဝယ်ယူစားသုံးခြင်း၊ သုံးစွဲခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သည့် ဘေးထွက်ဆိုးကျိုးများ အကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်တို့၏ ပြစ်မှု ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူများနစ်နာဆုံးရှုံးမှုမရှိစေရန် စီးပွားရေး လုပ်ငန်းရှင်များမှ အပြည့် အဝလိုက်နာသိရှိရမည်ဖြစ်ပါကြောင်းနှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ (CICC)များ ဖွင့်လှစ်ထားရှိပြီးဖြစ်၍ စားသုံးသူပြည်သူများ သိရှိလိုသည့် အချက် အလက်များအား Consumer Call Center Hotline (1535) သို့ခေါ်ဆို၍ တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
DOCA(မကွေး)