
စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်ဦးစီးမှူးရုံး ခရိုင်ဦီးစီးမှူး၏ လမ်းညွှန်မှုဖြင့် စားသုံးသူရေးရားဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ အဖွဲ့ သည် ၂၀၂၅ ခုနှစ် ဩဂုတ်လ (၉)ရက်နေ့ နံနက် (၁၀:၃၀) နာရီ အချိန်တွင် ရမည်းသင်းမြို့နယ်၊ ရွှေဒါးရွှေကုန်းအုပ်စု၊ ဆည်တွင်း ကျေးရွာ၌ စားသုံးသူ ပြည်သူများအား စားသုံးသူကာ ကွယ်ရေးအသိပညာ ပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ် ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ၊မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မူမူသန်း (ဦီးစီးမှူး) မှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများ၊တာဝန်များ၊ ကုန်စည်(သို့) ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍အာမခံချက်များအပေါ် စားသုံးသူမှတောင်းဆိုနိုင်သည့် အချက်များ၊ စားသုံး သူပြည်သူများ ကုန်စည်များဝယ်ယူသုံးစွဲရာတွင် မှန်ကန်စွာရွေးချယ် ဝယ်ယူတက် စေရန် ကုန်အညွှန်း အမှတ်အသား နှင့်စပ်လျဉ်းသည့်အချက်များ ၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်၍ တိုင်ကြားမှုများကို ဖြေရှင်းဆွေးနွေးပေးခဲ့သည့် ဖြစ်စဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူနစ်နာ ဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက် ရေးစင်တာ (CICC)နှင့် Consumer Call Center (1535) သို့ ဆက်သွယ်နိုင် တိုင်ကြား နိုင်ကြောင်းနှင့် Consumer Call Center (1535)သို့ နမူနာ ခေါ်ဆိုဆွေးနွေးခဲ့ပြီးတက်ရောက်လာသူများမှလည်းသိရှိလိုသည်များ မေးမြန်းခဲ့ရာ တာဝန်ရှိသူ များမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်းသိရပါသည်။ အဆိုပါဆွေးနွေးပွဲ တွင် ကျေးရွာမှ လူဦးရေ (၁၅၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)