သာစည်မြို့နယ်အတွင်း မိုးဝါများ စိုက်ပျိုးဖြစ်ထွန်း

Powered by Drupal

   မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်ရှိ ကျေးရွာများသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် မိုးဝါ (၁၇၂၅) ဧကကို မေလ နှင့် ဇူလိုင်လတို့တွင် စတင်စိုက်ပျိုးခဲ့ကြကြောင်း၊ ၂၀၂၅ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာလတွင် ရိတ်သိမ်းရမည်ဖြစ်ကြောင်း ၊ ယခင်နှစ်အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၃၅၀) ပိဿာခန့် ထွက်ရှိခဲ့ကြောင်း၊ ယခုနှစ်ပန်းတိုင်အထွက်နှုန်းမှာ တစ်ဧကလျှင် ၇၀၀ ပိဿာမျှော်မှန်းထား သော်လည်း မျိုး ၊ ရာသီဥတုနှင့် စိုက်ပျိုးနည်းစနစ် အပေါ်မူတည်၍ ကွဲပြားမှုများရှိကြောင်း သိရှိရပါ သည်။

  မိုးဝါစိုက်ပျိုးရာ၌ မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင် မျိုးအလိုက် တစ်ဧက ကုန်ကျစရိတ် စုစုပေါင်း (၃၅၀၀၀၀-၅၀၀၀၀၀) ဝန်းကျင်ခန့် ကုန်ကျကြောင်း၊ ဈေးကွက်အနေဖြင့် ကျေးရွာရှိ ပွဲစားများ၊ မြို့ပေါ်ရှိ ဝါကြိတ်စက်များတွင် ရောင်းချကြကြောင်း၊ ဝါပေါက်တစ်ပိဿာလျင် (၄၀၀၀) ကျပ်၊ ဝါဂွမ်း တစ်ပိသာလျင် (၁၁၉၀၀) ကျပ်၊ ဝါစေ့ဆီမှာ (၁၀၀၀၀-၁၁၀၀၀)ကျပ်ရှိကြောင်း  ဝါကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မန္တလေး)