မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရေး ကြီးကြပ်မှုကော်မတီဖွဲ့စည်း

Powered by Drupal

   ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် သာစည်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦစီးဌာန၊ အစည်းအဝေးခန်းမ၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မိုးစပါး ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ကျေးရွာအုပ်စု ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ၊ မြို့နယ် စိုက်ပျိုးရေးညှိနှိုင်းမှုကော်မတီ ဥက္ကဌ ဦးမျိုးသက်ကျော်မှ အဖွင့်အမှာစကားပြောကြားပြီး  မိုးစပါး ၃၉၄၁၅ ဧက စိုက်ပျိုးထားရှိရာ ဧက ၂၀၀၀ ကို ပန်းတိုင်းအထွက်နှုန်းရရှိရေးတွက် လျာထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်မြေစာရင်းဦးစီးဌာနတို့ရှိ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများပါဝင်သော ကျေးရွာအုပ်စု ကြီကြပ်ရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း၊ ကြီးကြပ်ရေးအဖွဲ့တွင် ပါဝင်သူများအနေဖြင့် ပန်းတိုင်အထွက်နှုန်း ရရှိရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ အဖွဲ့ဝင်များထံသို့ တာဝန်ပေးအပ်လွှာ များကို ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)