
တမာပင်သည် အပူပိုင်းနှင့် သမပိုင်းရာသီဥတုရှိသော ဒေသများတွင် အလေ့ကျ ပေါက်ရောက်နိုင်သော အရိပ်ရနှစ်ရှည်ပင်မျိုးဖြစ်သည်။ တမာပင်မှ ထွက်ရှိသော သဘာဝပစ္စည်းများ သည် အပင်နှင့် တိရိစ္ဆာန်တို့အား များစွာအကျိုးပြုသဖြင့် မြေဩဇာနှင့် ပိုးသတ်ဈေးများ ပြုလုပ်လျက် ရှိကြောင်း သိရှိရပါသည်။
တမာပိုးသတ်ဆေးစက်ရုံသည် မန္တလေးတိုင်းဒေသကြီး ၊ ပလိပ်မြို့နယ်တွင် တည်ရှိသည်ဟု သိရှိရပြီး တပ်ချုပ်ကြီး၏ ခရီးစဉ်ညွှန်ကြားချက်အရ သာစည် မြို့နယ်၊ လှိုင်းတက်စိုက်ပျိုးရေးခြံတွင် ယခင်ကတည်းက တမာခြံစိုက်ပျိုးထားရှိသည့် နေရာတွင် ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့၌ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဥက္ကဌ ဦးမျိုးသက်ကျော်နှင့် မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှု အဖွဲ့ဝင် များနှင့်အတူ တမာပင် (၁၀၀)ပင် စိုက်ပျိုးပွဲကျင်းပပြုလုပ်ခဲ့ကြောင်း၊ တမာခြံမှ ထွက်ရှိသော တမာ စေ့များအား ပလိပ်ရှိ ပိုးသတ်ဆေးစက်ရုံသို့ ပေးပို့ရခြင်းဖြစ်ကြောင်း၊ ဈေးကွက်သို့ ရောင်းချဖြန့်ဖြူး ခြင်း မရှိပါကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)