“ရာဇာ” လ္ဘက်/ပဲကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ  ဝန်ထမ်း(၂)ဦးတို့သည်  စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် မုံရွာမြို့၊ အေးသာယာရပ်ကွက်ရှိ “ရာဇာ” လ္ဘက်/ ပဲကြော်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း(၁၈)အရ ကုန်အညွှန်း အမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

   ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ပြစ်မှု ပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ ၄၁။ (ခ) နှင့်(ဆ) တို့တွင်ဖော်ပြထားသည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ် အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာ‌ ရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေး ချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခု ထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

    မိမိတို့လုပ်ငန်းအနေဖြင့် လုပ်သားအင်အား (၅၀) ဦးဖြင့် လုပ်ငန်းများဆောင်ရွက်ကြောင်း၊ လုပ်သားခများမှာ အနိမ့်ဆုံးလုပ်အားခတစ်နေ့လျှင်(၅၀၀၀)ကျပ်နှင့် အမြင့်ဆုံးလုပ်အားခ(၆၅၀၀) ကျပ်များရှိကြောင်း၊ တစ်ရက်လျှင် ပျမ်းမျှဆီသုံးဆွဲမှုသည်ပမာဏ ပေပါ(၁၀)လုံးရှိကြောင်း၊ တစ်ရက်လျှင်ပျမ်းမျှထုတ်ကုန် ပိဿာမှာ (၁၅၀၀) ပိဿာထွက်ရှိကြောင်း၊ လ္ဘက်ကုန်ကြမ်းကို ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းတို့မှ ဝယ်ယူကြောင်း၊ လ္ဘက်ကုန်ကြမ်း (၃၀) ပိဿာ တစ်အိတ်လျှင် အနိမ့်ဈေး(၁၂၀၀၀၀)မှ အမြင့်ဆုံးဈေး (၁၈၀၀၀၀) အထိရှိကြောင်း၊ ကုန်ချောလ္ဘက် များကို  မုံရွာမြို့နယ်အတွင်းနှင့် အရာတော်မြို့နယ်များသို့သာ ဖြန့်ဖြူးရောင်းချကြောင်း သိရှိရပါ သည်။

DOCA(စစ်ကိုင်း)