ကန့်ဘလူမြို့နယ်၌ ဆီထွက်သီးနှံမိုးမြေပဲများ ရိတ်သိမ်းလျက်ရှိ

Powered by Drupal

              စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိက လုပ်ကိုင်ကြသည်။ နှစ်စဉ် စပါး၊ ပြောင်း၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာတို့ အဓိက စိုက်ပျိုးကြောင်း၊ ယခုအခါ ကန့်ဘလူခရိုင်အတွင်း၌ ဩဂုတ်လမှစ၍ ဆီထွက်သီးနှံ မိုးမြေပဲများ စတင်ရိတ်သိမ်းလျက်ရှိကြောင်း၊ ထို့ကြောင့် ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းများ ပေါ်ပေါက်လာကာ မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

         မြေပဲသီးနှံရိတ်သိမ်းရာတွင် မြေပဲပင်နုတ်ခြင်း၊ အတောင့်ခြွေခြင်း တို့ပြုလုပ်ရသည့်အတွက် မြေပဲပင်နုတ်(၁)ရက်လျှင် (၁၅၀၀၀)ကျပ်၊ မြေပဲအတောင့်ခြွေခ (၁)တင်းလျှင် (၇၅၀၀)ကျပ်၊ မြေပဲအတောင့်ယူပါက (၃)ပြည်ပေးရကြောင်း၊ မြေပဲအတောင့်ခြွေသူများသည် ကျွမ်းကျင်မှုရှိပါက တစ်ရက်လျှင် (၂မှ ၄)တင်းအထိရကြောင်း၊ မြေပဲပင်၏ အတောင့်အနည်းအများပေါ်မူတည်၍ တင်ရေကွာခြားကြောင်း၊ မြေပဲရိတ်သိမ်းရာသီဖြစ်သည့်အတွက် မြေပဲပင်နုတ်ခြင်း၊ မြေပဲအတောင့် ခြွေခြင်းကို နေ့စဉ်လုပ်ကိုင်နေရသည့်အတွက် နေ့စဉ်ဝင်ငွေရရှိကာ မိသားစုများ အဆင်ပြေလျက် ရှိကြောင်း ဒေါ်မြမွန်၏ပြောပြချက်အရ သိရှိရသည်။

DOCA (စစ်ကိုင်း)