ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှုရပ်ဆိုင်းမှုကြောင့် ထိုင်းနိုင်ငံဆန်တင်ပို့သူများအခက်တွေ့နေ

Powered by Drupal

          ဖိလစ်ပိုင်နိုင်ငံသမ္မတ Ferdinand Marcos Jr. သည် ရိတ်သိမ်းရာသီအတွင်း ဆန်စျေးနှုန်း ကျဆင်းမှုကိုဖြေလျော့ရန်အတွက် စက်တင်ဘာလ ၁ ရက်နေ့မှ အောက်တိုဘာလ ၃၀ ရက်အတွင်း ရက် ၆၀ ကြာ ဆန်တင်သွင်းမှု ပိတ်ဆို့လိုက်ကြောင်း အမိန့်ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါလုပ်ဆောင် ချက်သည် စိုက်ပျိုးရေးဝန်ကြီးဌာနမှ အတွင်းရေးမှူးဆိုသူ Francisco Tiu Laurel ၏ ဆန်တင်ပို့မှု ရပ်ဆိုင်းရန် အဆိုပြုမှုအတိုင်း အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ဖိလစ်ပိုင်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာန (DA) က ပြည်တွင်းစျေးကွက်သည် ပြည်ပမှ စျေးပေါသောဆန်တင်သွင်းမှု များကြောင့် ဖိအားများနှင့် ရင်ဆိုင်နေရပြီး ပြည်တွင်းလယ်သမားများသည် ထုတ်လုပ်မှုကုန်ကျ စရိတ် တစ်ကီလိုလျှင် ၁၂ ပီဆို မှ ၁၄ ပီဆို ကုန်ကျသော်လည်း ကုန်သည်များက တစ်ကီလိုလျှင် ၈ ပီဆိုမှ ၁၀ ပီဆိုနှုန်းဖြင့် ဝယ်ယူမှုများနှင့် ရင်ဆိုင်နေရကြောင်း သိရပါသည်။ မနီလာမြို့ရှိ ထိုင်းနိုင်ငံ ကူးသန်းရောင်းဝယ်ရေးရာ ဝန်ကြီးဌာန၏ အဆိုအရ အဆိုပါဆိုင်းငံ့မှုသည် သာမန်ဆန်များအတွက် သာဖြစ်ပြီး ဘာစမာတီဆန် နှင့် အခြားအထူးဆန်များအတွက် ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း သိရပါသည်။ ကုန်သည်များကလည်း တင်သွင်းမှုများလျော့ချခြင်းကြောင့် ပြည်တွင်းရိတ်သိမ်းမှု များ အပေါ်မှီခိုနေရပြီး ဆန်စျေးနှုန်းကိုမြင့်တက်စေနိုင်ကြောင်း မှတ်ချက်ပြုခဲ့ပါသည်။ သို့ရာတွင် ၎င်းတို့အနေဖြင့် ဆန်စျေးနှုန်းကို တစ်ကီလိုလျှင် ၁ ပီဆို မှ ၂ ပီဆိုထိ မြင့်တက်ရန် မျှော်မှန်းကြောင်း သိရပါသည်။ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားကုန်သွယ်ရေးဌာနရှိ ညွှန်ကြားရေးမှူး ချုပ် ဆိုသူ Arada Fuangtong က ထိုင်းနိုင်ငံမှ ဆန်တင်ပို့သူများက ဖိလစ်ပိုင်နိုင်ငံအစိုးရ၏ ဆန်တင်သွင်းမှု ရပ်ဆိုင်းလိုက်ခြင်းသည် ကုန်ပစ္စည်းတင်ပို့မှုများအပေါ် အကျိုးသက်ရောက်မှုများ ရှိလာနိုင်သည်ဟု အစီရင်ခံခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ တစ်ခြားသော ဆန်တင်ပို့သောနိုင်ငံ များသည်လည်း အလားတူ အကျိုးသက်ရောက်မှုများနှင့် ရင်ဆိုင်နေရကြောင်း သိရပါသည်။ ထို့အပြင် Arada က ဖိလစ်ပိုင်နိုင်ငံမှ တင်သွင်းသူများသည် အဆိုပါရပ်ဆိုင်းလိုက်ခြင်းကိစ္စနှင့် ပတ်သက်၍ ၎င်းတို့အချင်းချင်းဆွေးနွေးတိုင်ပင်မှုများ ပြုလုပ် နေပြီး ချုပ်ဆိုထားသော စာချုပ်များ အတွက် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများအား ဖြေလျော့မှုများပြုလုပ်ပေးရန် အသနားခံ စာများ ပေးပို့လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ကုန်သွယ်ရေးဦးစီးဌာနသည်လည်း ထိုင်းနိုင်ငံ ဆန်တင်ပို့မှုကို ပံ့ပိုးပေးရန်နှင့် လယ်သမားများ အတွက် ဝင်ငွေများထုတ်ပေးနိုင်ရန် ပြင်ဆင်နေ ကြောင်း သိရပါသည်။ ထပ်ပေါင်းအနေဖြင့် ထိုင်းနိုင်ငံသည် အပြည်ပြည်ဆိုင်ရာ  ကုန်သွယ်မှု ကိစ္စများတွင် ကုန်ပစ္စည်းတင်ပို့မှု လမ်းကြောင်းချဲ့ထွင်ရန်နှင့် အခွင့်အလမ်းများပိုမိုရရှိရန်အတွက် ထိုင်းနိုင်ငံဆန်အဆင့်အတန်းကို ပိုမိုမြှင့်တင် သွားမည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ လုပ်ဆောင်ခြင်း၏ ရည်ရွယ်ချက်သည် အပြည်ပြည် ဆိုင်ရာဝယ်လိုမှုနှင့်ကိုက်ညီစေရန်အတွက် လယ်သမားများအား ဆန်အမျိုးအစားပေါင်းများစွာ ထုတ်လုပ်နိုင်ရန် တွန်းအားပေးခြင်းဖြစ်ကြောင်း သိရပါသည်။

Source: Nation Thailand

DOCA (ရန်ကုန်)