
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်း များသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၃)ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ရွှေတောင်မြို့နယ်၊ ဘယ်လက်ကျေးရွာရှိ အခြေခံ မူလတန်းကျောင်းသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ ပါသည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်မှ စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နီလာမြင့်မှ တိုင်းရင်းဆေးနှင့် ပတ်သက်သည့်အကြောင်းအရာများဆွေးနွေးခြင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်ယဉ်ယဉ်ဆင့်မှ စားသုံးသူအခွင့်အရေး(၈)ချက်အကြောင်း၊ ကုန်အညွှန်းအမှတ်အသား(၈)ချက် အကြောင်းအားရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူများဘေးအန္တရာယ်မဖြစ်စေရေး၊ နစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာနမှ ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခြင်း နှင့် စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာပါက စားသုံးသူရေးရာဦးစီးဌာနတွင် တိုင်ကြားနိုင်ကြောင်း တိုင်ကြားနိုင်သည့် နည်းလမ်းများအား ရှင်းလင်းပြောကြားပါသည်။Call Center 1535 သို့လည်း တိုင်ကြားနိုင်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်ပြီး ဆရာ/ ဆရာမ ကျောင်းသား/သူ (၇၄)ဦးတက်ရောက်ကြောင်း သိရသည်။
DOCA(ပဲခူး)