ပြည်ခရိုင်အတွင်း မြို့နယ်များမှ ဆန်ဆိုင်များ စစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်အနေဖြင့် မိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ပြည်မြို့နယ်အနေဖြင့် ခေတ္တရာမြို့သစ်ဈေးအတွင်းမှ ဆန်ဆိုင်များ၊ ပန်းတောင်းမြို့နယ်မှ ဆင်စုကျေးရွာနှင့် ဥသျှစ်ပင်မြို့နယ်မှ ဆန်ဆိုင်တို့အား မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ လအလိုက် ထုတ်ပြန်သော သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ဆန်များ ဖြန့်ဖြူးရောင်းချနိုင်ရေးကို ထုတ်ပြန်ထားသော ဆန်ဈေးနှုန်းများအတိုင်း ရောင်းချနိုင်စေရေး သတ်မှတ်ရည်ညွှန်းဈေးထက် ကျော်လွန်ရောင်းချခြင်းမရှိစေရေး၊ ဈေးကွက်အတွင်း ဆန်များ ပြတ်လပ်မှုမရှိစေရေးတို့ကို စစ်ဆေးခဲ့ပြီး ခရိုင်အတွင်းမှ ထွက်ရှိသော ဆန်များအား ဈေးနှုန်းမှန်ကန်စွာနှင့် အရည်အသွေး ပြည့်ဝစေရန်နှင့် အလေးချိန်ပြည့်ရောင်းချရန်ဆွေးနွေးအကြံပေးပြီး ဆန်အိတ်များ သိုလှောင်ထားခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA(ပဲခူး)