
စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံသည် စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ ကျောင်းနေအရွယ်ကလေးသူငယ်များနှင့်ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းမုန့်ဈေးတန်းရောင်းချသူများအားလုံး သိရှိနားလည်ပြီး စားသုံး သူ၏အခွင့်အရေးများကို အပြည့်အဝတောင်းဆိုနိုင်ရေး၊ ဘေးအန္တရာယ်ကင်းရှင်းပြီး၊ လုံခြုံစိတ်ချရမှုရှိသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူသုံးစွဲနိုင်ရေးအတွက် (၇.၈.၂၀၂၅)ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် ကျောက်ပန်း တောင်းမြို့ရှိ တမ္ပဝတီအခြေခံပညာမူလတန်းကျောင်း၌ အသိပညာပေးဟောပြောပွဲအား ကျင်းပပြု လုပ်ခဲ့ပါသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း က စားသုံးသူကာ ကွယ်ရေးဥပဒေပြဌာန်းရခြင်း၏ ရည်ရွယ်ချက်များ၊ အသိပညာပေးဟောပြောပွဲ များဆောင်ရွက်ရခြင်း ၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အခွင့် အရေးနှင့်တာဝန်များအကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ သုံးစွဲခြင်းကြောင့်နစ်နာဆုံးရှုံးမှုများဖြစ် ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်သည့် အခြေအနေများ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံး စွဲရာတွင် သေချာစွာစိစစ်ကြည့်ရှု့ဝယ်ယူရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်းနှင့် ကျောင်း သား/ကျောင်းသူများမှတ်သား၍ လွယ်ကူစေရန် ဘ-၅ လုံးဖြင့်ရှင်းလင်းခြင်း၊ ကျောင်း သား/ကျောင်း သူများအနေဖြင့် ငယ်ရွယ်သူများဖြစ်သည့်အတွက် ကျန်းမာရေးကို အထူးဂရုပြုရမည်ဖြစ်ပါကြောင်း၊ ကျန်းမာမှုတွင်နေ့စဉ်စားသုံးမှု၊ အသုံးပြုမှုများတွင် မိမိတို့အတွက် ဘေးအန္တရာယ်ဖြစ်ပေါ် စေနိုင်သော ကုန်စည်များရှိသည့်အတွက် ယခုလို အသိပညာပေးဟောပြောပွဲများဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ သိရှိရသော အသိပညာဗဟုသုတများကိုလည်း မိမိတို့နှင့်နီးစပ်သည့် မိသားစုများ၊ အသိမိတ်ဆွေများနှင့် မိမိတို့ပတ်ဝန်းကျင်သို့လည်း ပြန်လည်မျှဝေပေးစေလိုပါကြောင်း၊ အစားအစာများ၊ အသုံးအဆောင် ပစ္စည်းများကို ဝယ်ယူစားသောက်သုံးစွဲရာတွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါသော၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန်လိုအပ် ပါကြောင်းနှင့်နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာလျှင် တိုင်ကြားနိုင်သည့်နည်းလမ်းများ စသည်ဖြင့်အသိ ပညာဟောပြောဆွေးနွေးခဲ့ရာ ဟောပြောပွဲသို့ ဆရာ/ဆရာမ(၉)ဦးနှင့် ကျောင်းသား/ကျောင်းသူ(၁၉၂)ဦး တက်ရောက်ခဲ့ပါသည်။
ယခုလို အသိပညာပေးဟောပြောပွဲများဆောင်ရွက်ပေးခြင်းဖြင့် စားသုံးသူပြည်သူများ အသိ ပညာများတိုးပွားလာ၍ ကုန်စည်များကို ရွေးချယ်သုံးစွဲလာတတ်စေခြင်းဖြင့် ကျန်းမာကောင်းမွန်သော ဘဝများကို ရရှိပိုင်ဆိုင်လာမှာဖြစ်သလို လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့၏ကုန်စည်များ ဈေးကွက်ခိုင်မာပြီး ရေရှည်ရပ်တည်နိုင်ရေးကိုအလေးထားကာ ဥပဒေများနှင့်အညီထုတ်လုပ်လာပြီး အရည်အသွေးမပြည့်မီသော၊ သတ်မှတ်ချက်များနှင့်ကိုက်ညီမှုမရှိသော ကုန်စည်များလျော့နည်း ပပျောက်သွားမှာဖြစ်ပါသည်။
DOCA(မန္တလေး)