တမ္ပဝတီ မူလတန်းကျောင်း မုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်းနှင့်ဝန်ထမ်းများသည် (၁၂.၈.၂၀၂၅) ရက်နေ့၊ နေ့လည် (၁၂:၃၀)နာရီအချိန်တွင် ကျောက်ပန်းတောင်းမြို့ အခြေခံပညာမူလတန်းကျောင်း၌ ပညာသင်ကြား လျက်ရှိသော ကျောင်းသား/ကျောင်းသူများ ကုန်စည်များနှင့်ပတ်သက်၍ လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် ကျောင်းကျန်းမာရေးအဖွဲ့နှင့်ပူးပေါင်း၍ ကျောင်းမုန့်ဈေး တန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

မြို့နယ်တာဝန်ခံနှင့်အဖွဲ့သည် ကျောင်းမုန့်ဈေးဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်စည်များ နှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနထောက်ခံချက်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်အမျိုး အစားအလိုက် ဖော်ပြပါဝင်ရမည့် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများပြည်စုံမှန်ကန် မှုရှိ/မရှိ၊ သတ်မှတ်ချက်များနှင့်မညီသော၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သော အစားအစာများ၊ အသုံး အဆောင်များနှင့်ကစားစရာများအား ရောင်းချမှုရှိ/မရှိကို စစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး ယခုကျောင်းဈေးရောင်းချသူများသည်လည်း စားသုံးသူကာကွယ်ရေးဥပဒေအရ စီးပွားရေးလုပ်ငန်းရှင်အဖြစ်အကျုံး ဝင်သည့်အတွက် မိမိတို့ရောင်းချနေသောကုန်စည်များနှင့်ပတ်သက်၍ ထိခိုက်နစ်နာဆုံးရှုံးမှုများဖြစ် ပေါ်လာပါကဥပဒေနှင့်အညီ စိစစ်အရေးယူမှုများရှိနိုင်သည့်အတွက် မိမိတို့ရောင်းချနေသော ကုန်စည် များသည် ဥပဒေပြဌာန်းချက်များနှင့်ကိုက်ညီမှုရှိ/မရှိ၊ သက်ဆိုင်ရာထောက်ခံချက်များရှိ/မရှိ တို့ကိုသိရှိ နားလည်ရန်လိုအပ်ပါကြောင်း၊ သန့်ရှင်းကောင်းမွန်သောမုန့်များ၊ သက်ဆိုင်ရာဌာနများမှ သတ်မှတ် ထားသော သတ်မှတ်ချက်များနှင့်ကိုက်ညီသော ကုန်စည်များကိုသာရောင်းချရန်နှင့် လိုက်နာမှုမရှိလျှင် အရေးယူဆောင်ရွက်ခြင်းများရှိပါကြောင်း၊  စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်စားသုံးသူပြည်သူများ၊ ကျောင်သား/ ကျောင်းသူများအား ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိပြီး၊ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် ကျောင်းမုန့် ဈေးတန်းများကို ပူးပေါင်းအဖွဲ့များဖြင့် စဉ်ဆက်မပြတ်ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း အသိပညာပေး၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

DOCA(မန္တလေး)