ပဲခူးမြို့၊လိပ်ပြာကန် အခြေခံပညာအလယ်တန်းကျောင်းခွဲတွင်စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်

Powered by Drupal

       ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများကို အားတက်သရော ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ၁၄.၈.၂၀၂၅ ရက်နေ့၊နံနက် (၁၀:၀၀)နာရီ အချိန်တွင် ပဲခူးခရိုင် ဦးစီးမှူးရုံးမှ ဦးသန်းဇော်နှင့် အငယ်တန်းစာရေး(၂)ဦး ပေါင်း(၃)ဦးတို့သည် ပဲခူးမြို့လိပ်ပြာကန် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) ကျောင်းသို့သွားရောက်၍ ပဲခူးခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းဇော်သည် အဆိုပါကျောင်းရှိ ကျောင်းသား/သူများအား  စားသုံးသူကာကွယ်ရေးဉပဒေပါ စားသုံးသူကာကွယ်ရေး (၈) ချက်အကြောင်းနှင့် စားသုံးသူအခွင့်အရေး (၈) ချက်အကြောင်း အသိပညာပေး ဟောပြောခဲ့ပါသည်။ ထို့ပြင် လက်တလော ရေပန်းစားနေသည့် အွန်လိုင်းငွေကြေး လိမ်လည်မှုများအကြောင်းနှင့် စားသုံးသူများအနေဖြင့် ကုန်စည်များ ဝယ်ယူသုံးစွဲနေမှုအပေါ် စိတ်ကျေနပ်မှုမရှိပါက တိုင်ကြားနိုင်သည့် အကြောင်းအရာများကို အကျယ်တဝင့် အသိပညာပေး ဟောပြောခဲ့ပါသည်။

      အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား/သူ(၉၇)ဦးနှင့် ဆရာ/မ (၁၁)ဦးစုစုပေါင်း(၁၀၈)ဦး တက်ရောက်ခဲ့ပါသည်။ တတ်ရောက်ခဲ့သောကျောင်းသား/သူများမှဆွေးနွေးဟောပြောခဲ့သည့် အကြောင်းအရာများထဲမှ ရွေးချယ်ထုတ်နုတ်၍ မေးခွန်းများမေးမြန်းပြီး ပြန်လည်ဆွေးနွေးနိုင်သည့် ကျောင်းသား/သူများအားဆုလာဒ်အနေဖြင့် ကျောင်းသုံးဗလာစာအုပ်နှင့် ဘောပင်များကိုဆုများ ချီးမြှင့်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)