ပဲခူးမြို့စိန်ထွန်း အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) တွင် စားသုံးသူအခွင့်အရေးများအကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်

Powered by Drupal

       ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးမြို့နယ် တာဝန်ခံရုံးအနေဖြင့် စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများကို အားတက်သရော ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ၁၄.၈.၂၀၂၅ ရက်နေ့တွင် ပဲခူးမြို့နယ်တာဝန်ခံ ဦးသန်းဇော်နှင့် အငယ်တန်းစာရေး(၂)ဦး ပေါင်း(၃)ဦးတို့သည် ပဲခူးမြို့ လိပ်ပြာကန်ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် စားသုံးသူကာကွယ်ရေးဉပဒေပါ စားသုံးသူကာကွယ်ရေး (၈) ချက်အကြောင်းနှင့် စားသုံးသူအခွင့်အရေး (၈) ချက်အကြောင်း အသိပညာပေး ဟောပြောခဲ့ပါသည်။ ထို့ပြင် လက်တလောရေပန်းစားနေသည့် အွန်လိုင်းငွေကြေး လိမ်လည်မှုများ အကြောင်းနှင့် စားသုံးသူများအနေဖြင့် ကုန်စည်များ ဝယ်ယူသုံးစွဲနေမှုအပေါ် စိတ်ကျေနပ်မှုမရှိပါက တိုင်ကြားနိုင်သည့် အကြောင်းအရာများကို အကျယ်တဝန်း အသိပညာပေး ဟောပြောခဲ့ပါသည်။အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား/သူ(၉၇)ဦး၊ ဆရာ/မ (၁၁)ဦးတက်ရောက်ဆွေးနွေးခဲ့ပါသည်။ ကျောင်းသား/သူ များနှင့်လည်း အသိပညာများဆွေးနွေးဖလှယ်၍ ဆုများလည်း ချီးမြှင့် ခဲ့ပါသည်။

DOCA(ပဲခူး)