အထူးဈေးနှုန်းဖြင့်စားသုံးဆီများ ဆက်လက်ရောင်းချပေးနေမှုများ

Powered by Drupal

    Diamond Dragon Co;ltd မှ ကိုယ်စားလှယ်ဆီလုပ်ငန်းရှင် ဒေါ်နီလာထွေးမှ ဝန်ကြီးဌာနများ၊ ဦးစီးဌာနများနှင့် အစိုးရအဖွဲ့ရုံးများသို့ စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများကို တစ်ပိဿာလျှင် (၅၅၀၀) ကျပ်နှုန်းဖြင့်ဈေးကားနှင့် လှည့်လည်ရောင်းချပေးလျက် ရှိရာ (၅-၉-၂၀၂၂) ရက်နေ့တွင် ဥတ္တရသီရိမြို့နယ်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် ဆီပိဿာချိန် (၁၃၀၀)ကိုလည်းကောင်း၊ အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်တွင် ဆီပိဿာချိန် (၂၇၆)ပိဿာ ကိုလည်းကောင်း၊ လူမှုဖူလုံရေးအဖွဲ့တွင် ဆီပိဿာချိန် (၉၀၀)ကိုလည်းကောင်း၊ ပုဗ္ဗသီရိနှင့် ဇဝနဒီပရပ်ကွက်တို့တွင် ဆီပိဿာချိန် (၁၃၀၀)ပိဿာကိုလည်းကောင်း ရောင်းချပေးခဲ့ကြောင်း သိရှိရပါတယ်။

      ဆက်လက်၍ (၆-၉-၂၀၂၂) ရက်နေ့မှာတော့ Diamond Dragon Co;ltd မှ ကိုယ်စားလှယ်ဆီလုပ်ငန်းရှင် ဒေါ်နီလာထွေးမှ မြန်မာ့အလင်းသတင်းစာတိုက်၊ နေပြည်တော် သတင်းစာတိုက်တို့တွင်ဆီပိဿာချိန်  (၁၄၀၀)ကိုလည်းကောင်း၊ ပျဉ်းမနားမြို့နယ်တွင် ဆီလုပ်ငန်းရှင် ဦးကိုလေးမှ ဦးမင်းဒင်ကျေးရွာတွင်ဆီပိဿာချိန် (၆၆၀)ကိုလည်းကောင်း ၊ ဦးခင်မောင်မြင့်မှ အုတ်ကျင်းကျေးရွာတွင် ဆီပိဿာချိန် (၆၆၀)ကိုလည်းကောင်း အသီးသီးရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါတယ်။

DOCA(ပြည်ထောင်စုနယ်မြေ)