ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နှမ်းရိတ်သိမ်းမှု ပြီးစီးမှုအနေအထားတွေ့ရှိရပြီး၊ နှမ်းထောင်၊ နှမ်းခါ အဆင့်အနည်းငယ်သာ ကျန်ရှိနေပါသည်။ မြေပဲဖြိုင်ဖြိုင် ခူးဆွတ်နေပြီး၊ နေကြာစတင်ရိတ်သိမ်းမှုကို တွေ့ရှိလာရပါသည်။ နှမ်းစျေးနှုန်းများတွင် နှမ်း(နီ)စျေးနှုန်း မြင့်တက် မှုကို တွေ့ရပြီး၊နှမ်း(နက်)စျေးနှုန်းတည်ငြိမ်နေမှုရှိနေပါသည်။ မြေပဲစျေးနှုန်းများတွင် အတောင့် နှင့် အဆံစျေးနှုန်းများ မြင့်တက်မှုရှိခဲ့ပါသည်။ နှမ်း(နီ)တစ်တင်း (၉၆၀၀၀)ကျပ်၊ နှမ်း(နက်) (၂၂၀၀၀)ကျပ်၊ မြေပဲတောင့်(အစို)တစ်ပိဿာ (၁၄၀၀)ကျပ်၊ မြေပဲတောင့်အခြောက် တစ်ပိဿာ (၄၀၀၀)ကျပ်ဈေးနှုန်းရှိနေပါသည်။ ဆီစက်များမှ နှမ်းနှင့် မြေပဲ ဝယ်ယူကြိတ်ခွဲမှု ပုံမှန်အနေအထားတွင် ရှိနေသော်လည်း စိုက်ပျိုးထုတ်လုပ်သူများမှ နှမ်း၊ မြေပဲ နဝလီကြိတ်ခွဲမှု အနေအထားမြင့်တက်လျက်ရှိပါသည်။ ဆီစက်များတွင် နှမ်းဆီ(၁၆၀၀၀)ကျပ်၊ မြေပဲဆီ (၁၇၀၀၀)ကျပ်၊ နေကြာဆီ (၁၈၀၀၀)ကျပ်တို့ဖြင့် ရောင်းချနေမှုကို တွေ့ရပါသည်။ဆီကြိတ်ဖတ် ပျော်ဘွယ်နှင့် မန္တလေးသို့ တင်ပို့မှုရှိခဲ့သည်ကို တွေ့ရပါသည်။ ဈေးနှုန်းများအနေဖြင့် မြေပဲဖတ်(၄၄၀၀)ကျပ်၊ နှမ်းဖတ်(၂၆၀၀)ကျပ်၊ နေကြာဖတ်(၁၉၅၀)ကျပ် ရှိနေကြောင်း သိရှိရပါသည်။
DOCA(ပြည်ထောင်စုနယ်မြေ)