အုတ်တွင်းမြို့နယ် အခြေခံပညာကျောင်းများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ သိသင့်သိထိုက်သည့် ဗဟုသုတများ အသိပညာပေး ဟောပြောပွဲများကို ဩဂုတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းက အုတ်တွင်းမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း၌လည်းကောင်း၊ မွန်းလွဲပိုင်းတွင် တောင်ဝင်းကုန်းကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း၌လည်းကောင်း ကျင်းပပြုလုပ်ရာ စားသုံးသူရေးရာဦးစီးဌာန အုတ်တွင်း မြို့နယ်တာဝန်ခံ ဒေါ်အေးအေးခိုင်က စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။

              ဟောပြောပွဲများတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အုတ်တွင်းမြို့နယ် ဦးစီးမှူး ဒေါ်ခင်မူမူဝင်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများ အန္တရာယ် နှင့် စာဖတ်ရှိန်မြှင့်တင်ရေးတို့ကို အသိပညာပေးဟောပြောပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် တာဝန်ခံ ဒေါ်အေးအေးခိုင်က စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် ဦးစီးဌာနမှ ဆောင်ရွက်ချက်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူသုံးစွဲရန်အရေးကြီပုံများကို အသိပညာပေးဟောပြောခဲ့ ပါသည်။

              ဘုရားကြီးကုန်း အခြေခံပညာမူလတန်းလွန်ကျောင်း ဟောပြောပွဲများတွင် ကျောင်းသား/ ကျောင်းသူ ၁၁၉ ဦးနှင့် တောင်ဝင်းကုန်း အခြေခံပညာမူလတန်းလွန်ကျောင်း ဟောပြောပွဲများတွင် ကျောင်းသား/ ကျောင်းသူ ၁၅၀ ဦး တက်ရောက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)