ဖြူးမြို့နယ် အခြေခံပညာကျောင်းများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ သိသင့်သိထိုက်သည့် ဗဟုသုတများ အသိပညာပေး ဟောပြောပွဲများကို ဩဂုတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းက ဖြူးမြို့၊ တပ်တွင်း အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ လည်းကောင်း၊ ဩဂုတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းက ထန်းကုန်း အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ လည်းကောင်း ကျင်းပပြုလုပ်ရာ စားသုံးသူရေးရာဦးစီးဌာန ဖြူးမြို့နယ် တာဝန်ခံ ဒေါ်သန္တာစိုးက စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။

    ဟောပြောပွဲများတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖြူးမြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ် အကြောင်း သိကောင်းစရာများကို အသိပညာပေးဟောပြောပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှု မရှိစေရေးအတွက် ဦးစီးဌာနမှ ဆောင်ရွက်ချက်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူသုံးစွဲရန်အရေးကြီပုံများကို အသိပညာပေး ဟောပြောခဲ့ပါ သည်။

    တပ်တွင်း အခြေခံပညာအလယ်တန်းကျောင်းခွဲ ဟောပြောပွဲများတွင် ကျောင်းသား ကျောင်းသူ ၇၅ ဦး၊ ထန်းကုန်း အခြေခံပညာအလယ်တန်းကျောင်းခွဲ ဟောပြောပွဲများတွင် ကျောင်းသား ကျောင်းသူ ၁၅၀ ဦး တက်ရောက်ကြောင်းနှင့် တပ်တွင်း အခြေခံပညာအလယ်တန်း ကျောင်းခွဲတွင် ကျောင်းမုန့်ဈေးတန်းကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)